15

933 83 8
                                    


ဂျွန်ဂျောင်ကု စီးပွားဖက်တွေနဲ့ တွေ့ဆုံပြီး
လုပ်ငန်းခွင်အတွေ့အကြုံ သူ့ထက်ပိုများသော မမယူမီဆီက များစွာ သင်ယူခဲ့ရသည်။

မမယူမီကချည်း ဦးဆောင်စကား လမ်းကြောင်းသွားပြီး သူဆီကပညာယူစေသည်။

တော်သော ထက်သော မိန်းမလှလေး။

" Jeon က သိပ်အထင်ကြီးစရာပဲ...
ဒီနှစ်မှ လုပ်ငန်းထဲ လာကျင်လည်ပေမဲ့..
ဘယ်ဆိုးလို့လဲ? လုပ်ရည်ကိုင်ရည်က
အင်းပေါ့လေ....ထက်တဲ့အမေရဲ့ ဝမ်းကဖြစ်တဲ့သားပဲဟာ...ဗီဇကတော့ တကယ်ညာမရဘူး...."

ဂျောင်ကု သူ့အားချီးမွမ်းပေးနေသော
မမအား ခပ်ပြုံးပြုံးပဲ တုံ့ပြန်လိုက်သည်။
ဘာစကားမှတော့ မဆိုမိ။
သူဟာ ဘယ်သူ့သားရယ်လို့ ဂုဏ်ယူဖို့ရာ
မတွေးခဲ့တာကြာပြီ။

အဖေရယ်....အမေရယ်...ပတ်ဂျီမင်တို့မိသားစုလို အပေးအယူမျှမျှ ပေါက်ဖွားလာတဲ့ အသိုက်အဝန်းတစ်ခုမှာ ကြီးပြင်းလာသည်မှမဟုတ်ပဲ..။

" Jeon.... ဒီနေ့ လုပ်ငန်းCase တစ်ခုလည်း
အဆင်ပြေခဲ့ပြီဆိုတော့...ကျန်တဲ့အချိန်ကို
တို့ကိုပေးမလား...."

" ဗျာ..."

" အဟင်း.... တို့ပြောတာက တစ်ခုခုသွားစားပြီး တို့ကိုအဖော်ပြုပေးပါလားလို့....
Company ပြန်မဝင်တော့ပဲလေ..."

" ဟို....အိုကေပါ ။ကျွန်တော်လိုက်ကျွေးပ့မယ်"

ဂျောင်ကု ငြင်းမယ်ပြင်ပြီးမှ မမယူမီလို
သူ့အသိုင်းအဝန်းထဲတွင်ဆို အနေတည်စွာနေတတ်သော မိန်းမတစ်ဦးက စတင် တောင်းဆိုလာသည့် စကားမို့ ငြင်းပယ်ရန် မသင့်ဟုတွေးလိုက်မိသည်။
မိန်းကလေး မာနအားထိပါးသလို ဖြစ်သွားမည်ကို မလိုလားပေ။
ဂျောင်ကုလည်း သူ့အမေအား အလွန် အထင်ကြီးသလို လေးစားသည်။

မိန်းမတစ်ဦးအားလည်း အကြောင်းမရှိ မရိုင်းပြတတ်..။

လူသေး"လေးက ခါတိုင်းလို အလုပ်လာကြိုနေရင်...ကြိုပြီး massage ပို့ထားအုံးမှ....

>>>

ဂျီမင် အတန်းအကုန်ပြီးဆုံးအောင်မတက်တော့.....။
ညနေ ဂျောင်ကု အလုပ်သွားကြိုဖို့ အချိန်အားမြန်မြန်ရောက်စေခြင်လှပြီ ဖြစ်သည်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora