55

1.1K 108 25
                                    

ခါတိုင်းနိုးနေကြနဲ့မတူ လေးလံမနေပဲ....
သက်သောင့်သက်သာဖြစ်နေတဲ့ ခန္ဓာကိုယ်ကြောင့် ဂျောင်ကု နိုးလာကတည်းက သတိထားမိသည်။

အာခေါင်တွေ စပ်နေပြီး လည်ချောင်းတွေ
ခြောက်သွေ့နေတာမို့ ဦးစွာ
ဘေးနားရှိ ရေကရားထဲက ရေတစ်ခွက်
အပြည့်ငှဲ့သောက်မိလိုက်သည်။

နောက်မှ ဒီအငွေ့အသက်က....
ရင်းနှီးနေသော အခန်းပင်....။

​ကုတင်ခြေရင်းနားက ဆိုဖာပေါ်
ခွေခွေ​လေးအိပ်နေတဲ့ ပတ်ဂျီမင်အားမြင်တော့ သေချာသွားသည်။

လွမ်းနေရတဲ့ မျက်နှာလေးကို ခပ်လှမ်းလှမ်းကနေ ငေးကြည့်ရင်း
မျက်ရည်တစ်စက ပါးပေါ်လွင့်စင်လာသည်။

ရေကရားထဲ ရေအဆင်သင့်ရှိနေပုံက
နိုးလာခဲ့သည်ရှိသော် ရေဆာမှာကို
တွေးပြီး ယူထားပေးနှင့်တာပေါ့။

သူ့အတွက် စဥ်းစားထားပေးတယ်ဆိုတာ
တွေးမိတော့ နှုတ်ခမ်းထောင့်စွန်းတွေက
ကော့တက်သွားသည်။

သူသိပါသည်၊.....
ပတ်ဂျီမင်က သူ့ကိုစိတ်ပူနေတုန်းပဲ....

လွမ်းရက်တွေ ရှည်ကြာလာပြီး
သေမတတ် ပြေးတွေ့ခြင်ခဲ့ပေမဲ့....
မျက်နှာမပြဝံ့တာမို့....
အချစ့်အပေါ် အားနာလွန်းလို့....
သူ့အပေါ် မိသားစုတမျှ နွေးထွေးကြိုဆိုပေးခဲ့တဲ့ ဒီမိသားစုရဲ့ မေတ္တာဓာတ်တွေဆီ
မခိုလှုံဝံ့တော့တာမို့....

လွမ်းလာတိုင်း.....ဒဏ်ရာကို နာအောင်လုပ်ရင်း အာရုံပြောင်းအောင်လုပ်သည်။

အစာဗလာနဲ့ ဗိုက်အားလည်း
အရက်တွေနဲ့သာ ဖြည့်တင်းရင်း....
မူးခြင်ယောင်ဆောင်ကာ အခန်းပိတ်
အော်ဟစ်ငိုသည်။

ချစ်ရသူနဲ့ နေရာမရွေး နမ်းခဲ့ဖူးတဲ့
သူ့ရဲ့ တိုက်ခန်းလေးက ခုတော့
သူတစ်ယောက်ထဲ အထီးကျန်စွာ....
အော်ငိုရင်တောင် ဘယ်သူမှမကြားနိုင်ဘူး
မဟုတ်လား.....။

ကိုယ့်ကို ဆူပေးမဲ့ မင်းမရှိတော့
ဆိုးရတာလည်း အရသာမရှိဘူး။

------

အသံလေးပဲ ကြားရင်တောင် ရူးရတော့မှာမို့
သူ့ကို ပတ်ဂျီမင်ဟာ စိတ်ပျက်နေမလားဆိုတဲ့
စိတ်က အခါခါသတ်နေတာမို့....

အချစ်က ဒီလိုလေး... < JK Love JM >CompletedOù les histoires vivent. Découvrez maintenant