27

852 85 10
                                    

သူရဲ့ တွဲဖက်ပဲ ဖြစ်ခြင်ပြီး...
ကလေးမလုပ်ဘူးဟုဆိုကာ သူပါလုပ်ငန်းခွင်ဝင်ဖို့ ကြွေးကြော်လာတဲ့ ကလေးပေါက်။

ပင်ပန်းမည်စိုး၍ မလုပ်စေခြင်သော်လည်း
PJM က လူရည်ချွန်လေးမှန်းသိသည်။
အလုပ်အကိုင်မလုပ်တတ်မှာစိုးလို့မဟုတ်ပဲ
အချိန်လုကာ မအားလပ်၍ stress များမှာစိုးလို့သာ။

ခွင့်တောင်းလာခဲ့သည်လေ။
အားကိုးခံရသလိုမို့ ဂျွန်ဂျောင်ကုတို့
သိပ်ကျေနပ်နေတာများ။
ခုသူက အချစ်ရဲ့ အုပ်ထိန်းသူနေရာပေါ့။

မင်းနဲ့အတူတက်လှမ်းပြီး...
အပြန်အလှန် မှီခိုလို့ရမဲ့ Safe Zome လေးပဲ
ဖြစ်ခြင်တာလို့ တည်တံ့စွာ ဖွင့်ဟလာတော့
မြတ်နိုးလိုက်ရတာဆိုတာ။

PJM ကိုချစ်ရတာ ရသမျိုးစုံ....။
အသဲတယားယား ရင်တသိမ့်သိမ့်နဲ့
တခါတခါများဆို တစ်ကမ္ဘာလုံးအပိုင်စားရသလိုကို မြှောက်ကြွကြွ။
ဂျွန်ဂျောင်ကုတို့များ အရင်ဘဝက
နိုင်ငံကို ကယ်တင်ခဲ့ပုံရတယ်။
Park Jimin ရဲ့ တစ်ဦးဆိုင်ရပ်ဝန်းလေး
ဖြစ်ရတာ...ဘဝအဆက်ဆက်က
အကျိုးပြုလာတဲ့ ကံထူးမှုကြောင့်။

Park Jimin ခင်ဗျားကို...
အဲ့သလောက်ထိ ချစ်ရပါသည်။

💑

တစ်ဌာနတည်း အချစ်မျက်နှာလေးကြည့်ပြီး
အလုပ်လုပ်ရတာ ပင်ပန်းသည်တောင်မထင်။

ဒါကြောင့်ပြောတာ။
" မောတော့ မောတာပေါ့။ဒါပေမဲ့ မမောဘူး"
ဆိုတာ....။

လူမှုဆက်ဆံရေး ပြေပြစ်တဲ့...
ချစ်ဖွယ် အသွင်အပြင်လေးကြောင့်
လုပ်ငန်းခွင်တွင်လည်း ဒီနေ့ပဲ
အလုပ်ဆင်းသည်ဆိုသော်လည်း
အသဲကျော်လေးဖြစ်နေခဲ့ပြီ။

လူတိုင်းချစ်ခင်တာလည်း...
တော်ရုံ ပါရမီလား။
လှပတိုင်း/ ချစ်ဖို့ကောင်းတိုင်းတော့
လူတိုင်းအမြင်မကြည်နိုင်။
ဒါပေမဲ့ PJM က တကယ်မြင်သူတကာ
ချစ်ဖွယ်။
လူသားတစ်ယောက်ပဲမို့ မုန်းတဲ့သူတော့
ရှိမှာဧကန်။
သို့သော်...PJM ကို မနှစ်မြို့နိုင်တဲ့လူဟာ
ကုသိုလ်ကံ နည်းလိုက်လေခြင်း။
သနားစရာ...သတ္တဝါလေးတွေ....။

×××

အလုပ်သင်စဝင်လုပ်နေပြီမို့...
ပထမဆုံးရုံးတက်ရက်လည်းဖြစ်တာမို့
ဂျီမင် အားကြိုးမာန်တက်လုပ်ရန်
အားခဲထားတာပင်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedTempat cerita menjadi hidup. Temukan sekarang