17

939 88 8
                                    

သတိတရ လာရောက်ချော့မော့မှုတွေကြား
ပျော်ဝင်မိတာမှန်ပေမဲ့....
ရင်နာမိသော အစိုင်အခဲတစ်ခုတော့
ကျန်ခဲ့သည်သာ....။

မကျေနပ်တာမဟုတ်ပဲ.....
ကြေးတိုက်တာမဟုတ်ပဲ......
ဝမ်းနည်းခြင်မည်မလား??....။

သူပြောပြသော အကြောင်းအရာတွေ
ဆီလျော်တာကို ဦးနှောက်က
လက်ခံထားပြီးပေမဲ့....
နှလုံးသားမှာကျ အကြွင်းအကျန်
အပိုင်းအစလေး ပဲ့ကျန်နေခဲ့လေရဲ့...။

// ထိုနေ့က ရင်နာစွာ....သိမ်ငယ်စိတ်နဲ့
ဘယ်တော့မှ လာကြိုတော့မှာမဟုတ်ဘူးလို့
တေးမှတ်ထားတာဟာ လက်တွေ့ အကောင်အထည်ပေါ်လာလေရဲ့ //

လာရောက် ချော့မြူပြီးပါသော်လည်း....
ထိုကောင်လေးရဲ ထိုအချိန်က
ဝမ်းနည်းမှုတွေကတော့ ဖြစ်ခဲ့တာပဲလေ။
အဲ့အချိန်က ဝမ်းနည်းစိတ်ဟာ
ပျောက်သွားခဲ့တာမှမဟုတ်ပဲ....

လူသက်တမ်းကြား ဖြစ်လေ့ဖြစ်ထအရာတစ်ခု။

မိမိကို ဝမ်းနည်းစေ၊ ပင်ပန်းစေခဲ့ပြီး
ရိုက်ချခဲ့တဲ့လူတွေဟာ....
တစ်ချိန်မှာ သင့်ကို တောင်းပန်လာခဲ့ရင်တောင်.....
စိတ်သက်သာရာ ရရင် ရလိမ့်မယ်။
အဲ့အချိန်က ရိုက်ချက်ကိုတော့
ဖြေဖျောက် ပေးလို့မှမရပဲ...
ရိုက်ချခံခဲ့ရသူက ခံစားခဲ့ရတာက
ခံစားခဲ့ရတာပဲ။

ထို့ကြောင့်.....။

တစ်ချို့လူတွေ ပြောကြသည်မလား....

မတောင်းပန်ပါနဲ့....ဘာမှမထူးတာမို့ ဆိုတာ။

××××

ဂျောင်ကု ခံစားမိနေတာက....
သူ့နှလုံးသားလေးသည် အနဲငယ်
ယိုယွင်းနေသည်ဆိုတာ....။

စိတ်ဆိုးဟန်လည်း ဟုတ်ပုံမပေါ်။
စကားလည်းပြောတယ်။
အရင်လို မဟုတ်သလိုလို....
တစ်ခုခု တနေရာရာမှာ.....
ပြုတ်ကျကျန်ခဲ့တာများလား။

ဖက်ထုပ်လေးနဲ့ သွားရောက်မော်ဖူးပြီးတော့
အဆင်ပြေခဲ့သည်လို့ သူထင်တာပဲ။
ဆဲသံလေးတောင် ထွက်လာသေး....

အချစ်က ဒီလိုလေး... < JK Love JM >CompletedTempat cerita menjadi hidup. Temukan sekarang