42

734 76 19
                                    

ဂျီမင် မပူပန်ဘူးဆို လိမ်ရာကျမည်။

ကိုယ့်ချစ်သူအား အတိအလင်း စိန်ခေါ်ကြံရွယ်နေသော သူတစ်ဦးရှိကြောင်း
သိထား​သည့်အတွက်.....

ရတတ်မအေးရတာတော့အမှန်...။

ဂျွန့်အား မယုံကြည်တာမဟုတ်ပဲ...

အနဲငယ် အောင့်သက်သက်နိုင်ပါသည်။

ဘယ်သူကရော စိတ်လက်ပေါ့ပါးနိုင်ပ့မလဲ...။

ကိုယ်ချစ်ရသူအား ကြံရွယ်နေသောသူရှိ
တာကိုလေ...။

____

မတင်မကျသော စိတ်နဲ့ပဲ ဂျွန့်ဆီက
အချစ်ခံရင်း မေ့မေ့ပျောက်ပျောက်...။

ဂျွန့်အားလည်း ထုတ်မပြောဖြစ်...။

အဲ့လောက် အရေးမပါဘူးဟု ယူဆထားသောကြောင့်လည်းပါသည်။

ထိုသူမရဲ့ လှုပ်ခတ်မှုက
ဂျွန်နဲ့ သူ့ကြား အက်ရာမထင်စေနိုင်ဘူးဟု
လျော့တွက်ခဲ့သည်သာ....။

အိပ်ချိန်ထက်ကျော်လွန်.... သောအချိန်
ညလယ်မကျတကျ အချိန်မှာ....

ခေါ်ဆိုလာသော ဖုန်းဆက်သွယ်မှု တစ်ခု
မတိုင်ခင်ထိပေါ့....။

အခါခါထပ်မြည်နေသော
ဖုန်းတုန်ခါသံကြောင့်
ဂျွန်နိုးလာခဲ့သည်။

ရင်ခွင်ထဲက ချစ်ရသူအား
ထွေးပိုက်ထားရင်း
ဖုန်းကို စားပွဲပေါ်က ယူကြည့်တော့
ခေါ်ဆိုမှုကျသွားသည်။

Contact အမည်က မျက်မှောင်ကြုတ်စေသည်။

အချိန်မဟုတ် ၊အခါမဟုတ်....။

အဘယ်ကြောင့် ခေါ်ရသလဲ...။

တွေးနေတုန်းပင် ထပ်မံတုန်ခါလာသော
ဖုန်းမျက်နှာပြင်...။

မကိုင်စရာအကြောင်းလည်းမရှိ...။

မကိုင်ရအောင် သူနဲ့ကိုယ် ဘာပတ်သက်နေတာမှလည်းမဟုတ်။

ခပ်ထွေးထွေးဖက်ထားတဲ့ ကိုယ်လုံးလေးကို
ညင်သာစွာ ဘေးချရင်း...
ခေါင်းအုံးထားတဲ့ လက်ကို ဆွဲထုတ်ပြီး
နဖူးမို့မို့လေးပေါ် အနမ်းဖွဖွပေးရင်း
ဖုန်းကိုင်လိုက်သည်။

ဆူမထားသော်လည်း အလိုလိုပင်
ဆူထော်ထော်လေး ဖြစ်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးနဲ့ အိပ်နေတာတောင်
သိပ်ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်ဆိုင်ထားတဲ့
ချစ်ရသူကြောင့် ဂျွန် ကြည့်နေရင်း
အသဲယားလာတာကြောင့်
နှုတ်ခမ်းလုံးလေးပေါ် တစ်ချက်ဖိကပ်
ခွာလိုက်သည်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedOù les histoires vivent. Découvrez maintenant