8

1K 120 9
                                    


​" စောက်ချိုးကို မပြေဘူး "

ငါပြောထားရဲ့နဲ့ မကြိုက်ပါဘူး။အဲ့လို
လူတိုင်းကို  ဖိုးပြုံးချို လုပ်နေတာမျိုး....

သူသူငါငါ လူတိုင်းကို ဇွတ်သဘောကောင်းနေတာမျိုး...။

လူတိုင်းကိုပေးနေမှာမျိုးဆို အဲ့ဖော​ဖောသီသီအပြုံးတွေကို အမြင်ကပ်တယ်။

စိတ်ထဲရှိတဲ့အတိုင်း ပြုမူတတ်တဲ့သူပီပီ
စိတ်အလိုမကျတော့ အပြုအမူတွေကပါ
ညင်သာမှုမရှိ။

" ဘုန်း "

စားပွဲခုံပေါ်သို့ ပုံဆွဲရန် စာအုပ်ထုတ်ပြီး
ခပ်ကြမ်းကြမ်း ဆောင့်ချလိုက်သည်။

တစ်စက်မှ အချိုးမပြေဘူး.....
သူ့ဘေးက ကောင်နဲ့စကားတွေဖောင်ဖွဲ့ပြီး
တဟားဟားနဲ့ အူမြူးနေတာ...

အရင်လို့ သူ့ဘက်လှည့်ပြီး လာထိုင်ကြည့်နေပ့လား....အဲ...... ငါဘာတွေတွေးမိ....ဟာ

ဘောပဲကွာ။

ဟူးးးး အာ့ကြောင့် ငါ့သိပ်ပြီး သူငယ်ချင်းမထားသလို ဘယ်သူ့မှ မခင်တွယ်ခြင်တာ။

ငါကဆက်ဆံရေးတွေမှာဆို သိပ်လောဘကြီးတတ်တဲ့သူမို့.......

အရာရာ သူဆိုတာကပဲ ပထမနေရာ ဘယ်သူနဲ့မှ ခွဲမျှပြီး မလိုခြင်ဘူး။

သာမန် သူငယ်ချင်းဆက်ဆံရေးဆိုရင်
တောင်ပေါ့။

တကယ်တမ်း အပြင်မှာ ဘာမထီပုံစံနဲ့
ဘယ်သူ့မှမလိုဘူးဆိုပြီး အကြောခပ်တင်းတင်းနေတတ်တဲ့လူတွေက.......

အတွင်းစိတ်မှာကျ သိပ်အဖော်မင်တာ။

အသေးအမွှားလေးကစ လိုက်တွက်ကပ်နေတတ်ပြီး တကယ်စိတ်ပင်ပန်းရတာ။

တွက်ကပ်တယ်ဆိုတာ ငါ့ဖို့ချည်းပဲလို့တွေးနေတာမျိုးပေါ့။

တစ်နည်းပြောရရင် အချစ်ကြီးတာ ။
လောဘကြီးတာ။ ထပ်ပြောရရင်တော့ သဘောထားမကြီးဘူးပေါ့.....

ကောင်းတဲ့အကျင့်လားဆိုတော့ မဟုတ်ဘူးပဲ
ပြောရမယ်...
ဘာလို့ဆို တစ်ခြားသူအတွက်ဆိုတာထက် အဲ့လူကိုယ်တိုင်ကိုက အဲ့စိတ်တွေနဲ့ သိပ်ပင်ပန်းရတာမို့။

အချစ်က ဒီလိုလေး... < JK Love JM >CompletedHikayelerin yaşadığı yer. Şimdi keşfedin