33

755 77 7
                                    

တစ်မိုးအောက်တည်း မျက်နှာကျက်တစ်ခုအောက်တည်း
စောင်တစ်ခုအောက်တည်း
တယောက်ရင်ခွင် တယောက် ငှားပြီး အဖော်ပြုကြရင်း ချစ်မဝ နမ်းမဝ ရက်စွဲတွေ။

စိတ်ညစ်ညူးလာလို့ ခနလောက်ပစ်ထားလိုက်မိလည်း အက်ကြောင်းထင်မလာနိုင်တဲ့
နေသားတကျ အတူရှိမှုတွေ။

လူသားနှစ်ယောက် ချစ်ကြတာ တကယ်တော့ ခက်ခဲပါတယ်။

တစ်ပန်းသာတာက ယောကျာ်းလေးနှစ်ယောက်မို့ စရိုက်သဘာဝလေးတွေတူတတ်တာမလို့ မျိုးတူရင် ဆန့်ကျင်တတ်သလိုလိုနဲ့
အလိုက်သင့်ပြန်ရော။

အထူးသဖြင့် ဂျွန်ဂျောင်ကု ပတ်ဂျီမင်မလို့
ထွေထူးမညှိရ ။

ထိုသို့ဆိုတိုင်း အမြဲချစ်ကြည်နူးနေတာတော့မဟုတ်။

ဘယ်ချစ်သူစုံတွဲမဆို အမြဲတော့ တီတာစကားတွေပြော ကလူနေနိုင်မှာမဟုတ်တာ
သေချာသည်။

ချစ်လို့ပဲ ကတောက်ကဆတွေဖြစ်ကြရတယ်။

အက်ကြောင်းကြီးကြီးတွေ အရာအက်မလာဖို့တော့လိုသည်။
ရန်တခါဖြစ်ပြီးရင် ဆတိုးပိုချစ်လာမဲ့ ချစ်ခြင်းတွေအကြောင်းတော့... ။

တရွေ့ရွေ့နဲ့ ချစ်လာကြတာ ရိုးအီသွားတယ်ရယ်တော့မရှိ၊
အနည်ထိုင်ပြီး ထုထည်သိပ်သည်းလာတယ်ပဲ ပြောရမလား...။

ယုံကြည်မှု​တွေပါ ထပ်ပေါင်းထားတယ်။
ဘေးလူက နဲနဲလာရှို့ပေးရုံနဲ့တော့...
ထပြဿနာရှာ ငြူစူနေရမဲ့
အပေါစား ပတ်သက်မှုတွေမှမဟုတ်ပဲ။

ဒါကြောင့် တတိယလူမမည်သာတဲ့...
မသိမသာ ထိုးစစ်ဆင်လေ့ရှိတဲ့
ထိုအဖုအထစ်လေးကိုလည်း အေးအေးလူလူပင် မျက်နှာလွှဲနိုင်ခဲ့သည်။

လောကကြီးကလည်း သိပ်အကဲစမ်းခြင်ပုံပဲ။

ဘာဆက်ဖြစ်မယ်မသေချာတဲ့ ရှေ့အနာဂါတ်တွေအတွက်တော့.....
လောကကြီးကိုပဲ ပုံအပ်လိုက်တာပေါ့။
သူကြည့်လုပ်ပါလိမ့်မယ်။
နှလုံးသားတွေကိုတော့ မကစားပါနဲ့
အသင်ကမ္ဘာမြေကြီးရယ်...။
ခင်ဗျားမှာ နှလုံးသား မပါတိုင်း...။
ခင်ဗျား အချစ်မခံရတိုင်း...
ခင်ဗျားမှာ မူးမေ့နမ်းပစ်ခြင်လောက်တဲ့
မက်မောစရာလေးမရှိတိုင်း...။

အချစ်က ဒီလိုလေး... < JK Love JM >CompletedKde žijí příběhy. Začni objevovat