7

1K 102 5
                                    


ခါတိုင်း ဘာမထီ မျက်နှာပေးနဲ့ မိန့်မိန့်ကြီး
ကို့ခုံမှာသာ ထိုင်နေတတ်သော ဂျွန်ဂျောင်ကု
တ​ယောက် ဖင်ဂနာမငြိမ် ဖြစ်နေသလို မျက်လုံးသည်လည်း အအားမနေရပေ။

အကြောင်းမှာ......သူ့ရှေ့က အသေးကောင် ဖိုးပြုံးချိုမှာ ဒီနေ့ သူ့နောက်တန်းခုံဘက်သို့
အကြည့်တစ်ချက်မှ
ရောက်မလာသောကြောင့်ပင်။

ထို့အပြင်
ရောက်လာနေကျ ဗူးလေးသည်လည်း အတန်းချိန်တွေသာကုန်လွန်သွားသည်။
ရောက်မလာခဲ့ ။

ဘယ်ချိန် လာပေးမလဲဟု သတိကပ်စောင့်နေရသည်မှာ ချွေးစေးများပင် ပြန်လာတော့မည်။

မိမိမှာသာ သူ့အကျင့်လုပ်ပေးထားလို့ နေမထိထိုင်မသာ ဖြစ်နေသော်လည်း အသေးကောင်ကတော့ နေ့စဥ်လုပ်နေကျအတိုင်း ဖိုးပြုံးချိုတော့ လုပ်ပါရဲ့။

သို့ပေသိ
သူ့အတွက်တော့မပါပေ။ လှည့်မပြုံးပြရသေးဘူးလေ.....ဒီနေ့စာ။

သူမသိလိုက်တာတော့မဖြစ်နိုင် ဘာလို့ဆို
သူရှေ့ခုံက ဒင်းအား စိုက်ကြည့်နေတာ
တစ်စက်မှ မလွတ်ဘူးလေ။

ဘာလဲ ဒီကောင် ခုငါ့ကို ပြန်ချေပြနေတယ်ပေါ့။

မနေ့ညက သူပြောတာလွန်သွားလား? ဟုတွေး​မိပြီး ဒီနေ့သူ့ကို စကားနဲနဲ ပြန်ပြောမလားဟု စိတ်ကူးထားတာပင် ပြန်ရုတ်သည်။

ဘောပဲ!  သူကဘာမလို့ ငါ့ကို နေမထိထိုင်မသာ ဖြစ်အောင် အကျင့်လာလုပ်ပေးတာလား။

တယောက်တည်း ကျိန်ဆဲနေရင်း ထိုအသေးကောင်က ထသွားသည်။

သူထလိုက်ရမလား?  ဟမ် ဘာလိုက်လုပ်ရမှာလဲ? တော်ကြာ ငါကပဲ မနေနိုင် မျှော်နေတယ်ဆိုပြီး ထင်သွားမှ။

ရုပ်ပေါက်တယ်!....

ဂျင်ကြည့်နေတာကြာပြီ ။ဒီ နှာပွကောင်
ဖင်မငြိမ်ဖြစ်နေတာ။

ခွီး.... ဒီကောင် ပတ်ဂျီမင်အပေါ်တင်ထားတဲ့ အချေတွေ တဖြည်းဖြည်းပဲ့ကြွေကျနေပြီမလား.....။

" ဟေ့ရောင် လိုက်သွားမှာဖြင့် လိုက်သွား
ဖင်တကြွကြွနဲ့ စောက်ရမ်း ရုပ်ပေါက်တယ်"

အချစ်က ဒီလိုလေး... < JK Love JM >CompletedHikayelerin yaşadığı yer. Şimdi keşfedin