40

784 76 6
                                    

စိတ်ဆိုးဟန်၊ ဒေါသထွက်ဟန်လည်းမဟုတ်ပဲ
ခပ်ထွေထွေလေး ပကတိကြည်ရှင်းနေတဲ့
မျက်နှာလေးအား အကဲခတ်နေရတာ အခါခါ။

ဂျောင်ကု ကိုယ်တိုင် သူ့ပါးစပ်က
တခုတ်တရလေး သူ့ရဲ့ ကျောထောက်နောက်ခံအကြောင်းတွေ
ပြောပြခြင်ခဲ့တာပါ။

အိပ်ယာထဲ....ရင်ခွင်ထဲထည့်ထားရင်း ဖြစ်ဖြစ်...။

ဝမ်းချုပ်နေတဲ့ အကောင်ပေါက်လေးကို
Toilet အခန်းရှေ့စောင့်ပေးနေရင်း
ဖြစ်ဖြစ်...။

ဆပ်ပြာမြှုပ်တွေကြား ဆော့နေတဲ့အချိန်
နှစ်ကိုယ်ကြားလေး တီးတိုးပြောရင်း
ဖြစ်ဖြစ်ပေါ့....။

သူဝန်ခံဖို့ တွေးထားပြီးသားပါ။

ခုတော့....။

ဂျောင်ကု သိပါသည်။ချစ်ရသူက
စိတ်ဆိုးနေတာမဟုတ်ပဲ...
စိတ်မကောင်းနေတာဆိုတာ။

ပါတီကအပြန်ကတည်းက....
ငြိမ်ကျနေတာပင်။
တောက်ပတဲ့မျက်ဝန်းလေးကလည်း
မှုန်မှိုင်းလို့...။
စိုအိအိနှုတ်ခမ်းထူလေးကလည်း
စေ့ပိတ်လို့....။

အဝတ်အစား​လဲနေသော...
ကျောပြင်သေးသွယ်လေးအား
ဂျောင်ကု လက်တွေထဲ သိုင်းဖက်ထားလိုက်သည်။

အမြတ်နိုးရဆုံးသော...
ဂုတ်သားအိအိလေးအား
နှာခေါင်းတိုးနမ်းရင်း...
ဂျွန့်အကြိုက်ဆုံးလို့လည်းဆိုရမည်။
ဂျွန်ဂျောင်ကု သဘောကျသော
နမ်းရခြင်းတွေထဲ...
နဖူးပြေပြေလေးရယ်...
ဂုတ်သားမို့မို့လေးပေါ်ရယ်....
လက်ချောင်းဖောင်းလုံးတွေ.....၊
နှာခေါင်းလုံးလေးပေါ်ကိုပင်။
ဖွဖွလေးနမ်းရခြင်းတွေမှာပေါ့....။

ပြင်းပြင်းပြပြ အဖိအဖော့နဲ့
အကြိုက်ဆုံး...ကိုပြပါဆိုလျှင်တော့...
ဖူးကြွကြွ နှုတ်ခမ်းနှစ်လွှာပင်။
အိစက်တင်းရင်းနေတာ...
အသားပြည့်ပြည့်လေးနဲ့ သိပ်သဘောကျခြင်စရာ။

ပတ်ဂျီမင်က သူများနဲ့မတူ...
ကိုယ်သင်းနံ့လေးကိုက ယစ်မူးဖွယ်အတိ။

အမည်ဖော်မပြတတ်သော...
ရေမွှေးသုံးထားခြင်းကြောင့်မဟုတ်ပဲ...
ပတ်ဂျီမင်ရဲ့ ကိုယ်သင်းနံ့က
ပန်းပေါင်းစုံရနံ့ထက်ပင် ပိုချိုသင်းသည်။
ပါပီလေးလိုပင် ဂျွန်ဂျောင်ကု တရှုံ့ရှုံ့နဲ့
ကျရှုံးရခြင်းတွေ...။

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora