30

879 91 11
                                    

ညကပေးမသိပဲ ဆူချိတ်အိပ်သွားရှာတဲ့
ဂျောင်ကုကီးလေး....။

ရင်ခွင်ထဲက အလုံးလိုက်လေးကို နိုးမသွားအောင် အသာဖယ်ခွာလိုက်ပြီး...
အောက်ထပ်ဆင်းလာမိတာ ဒုန်းဆိုင်း။

ဂျွန်ဂျောင်ကု မျက်လုံးကပဲ အစောကြီးနိုးနေတာ၊ လောဘဇောကပ်နေတာမို့။
Park Jimin ကို အပိုင်စားရခြင်နေရှာတာ။

ခပ်သုတ်သုတ်ဆင်းလာရင်း...
စကားတွေကြိုမစီထားပါပဲ
မေ့တို့အခန်းအား စောစီးစွာ
ပြေးခေါက်နေလေသည်။

ဂျွန်ဂျောင်ကု မလိမ်မိုးမလိမ်မာလေး...။

ဖေနဲ့မေ့မှာ ကပျာကယာ ထကာ တံခါးလာဖွင့်တော့သည်။ ဘာများ အရေးကောင်းပါလိမ့်ဆို...တံခါးလှပ်တာနဲ့...
" လူသေးလေးကို ပေးပါ၊ ကျွန်တော် စောင့်ရှောက်ပ့မယ်။ အတူနေတော့...
ပိုဖေးမပေးလို့ရတာပေါ့ မဟုတ်ဘူးလား...
ခေါ်သွားမယ်နော်... "

အခန်းရှေ့လာ တမင်များ ကျီစယ်နေသလား
အောက်မေ့ရအောင်လည်း အတည်ပေါက်ပြောနေတာများ မျက်ဝန်းဝိုင်းတွေက
လေးနက်မှုအပြည့်။
နှုတ်ခမ်းပါးလေးက လှုပ်လီလှုပ်လဲ့ ပြောသွားလိုက်တာ...ပြတ်သားတယ်။

မနက်အစော ဦးအောင်ထကာ ရင်နှစ်သည်းချာ သားအနှစ်အား လာပူဆာနေတာ ဘယ်လို ငဂျောင်လေးလဲ...။

ဂျွန်ဂျောင်ကုတို့ ဣန္ဒြေကို မဆယ်နိုင်...
ပျာတီးပျာယာနဲ့... ခပ်တည်တည်လာပြောနေတာ။

ဖေနဲ့မေ့မှာ အကြောင်သား...အိပ်ရေးမဝသေးတာမို့ ဘုတ်ထှိုင်းထှိုင်းနဲ့
လူကြီးနှစ်ယောက်ခမျာ...တအံ့တသြ။

" သားငယ်တို့ကတော့ ပညာပြထားပုံပဲ မိန်းမရာ၊ လာ လာ ပြန်အိပ်ကြစို့ "

ဖေက မေ့အားခေါ်ကာ တံခါးပြန်ပိတ်ရန်ပြင်သည်။
ဟာ အတိအကျ ပေးကြောင်းမကြားရသေးဘူးမလား...။
တံခါးအား အတင်းပြန်ဆွဲထားရင်း...

" အတူခေါ်သွားမှာလို့...ထည့်ပေးလိုက်ပါဆို"

ဖေက မျက်လုံးလှန်ကြည့်လာကာ...

" မင်းတို့သာအရင်ညှိလိုက်ကြပါအုံးကွာ၊
ကိုယ့်လူသေးလေးကို ပြန်သွားမေးချည်၊
ဟိုကဖြင့် ညကတည်းက ​permit ပေးပြီးသားကွ၊ ငါတို့လာမရှုပ်နဲ့... သွား "

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora