36

702 74 6
                                    

" တီး...တောင်"

မနက်စောစော ထွေးထွေးပိုက်ပိုက်အိပ်နေတုန်း တိုက်ခန်း ဘဲလ် တီးသံထွက်ပေါ်လာတာမို့...
ကုတင်ပေါ်က လူအထွေးလိုက်လေးက
လူးလွန့်လာသည်။

ဂျီမင်လည်း အိပ်မှုန်စုန်ဖွားဖြင့်...
ထရန် ဂျွန့်လက်မောင်းတွေကြား
ကုန်းရုန်းထလိုက်သည်။

သန်မာတဲ့လက်တွေက တဖန်ရစ်သိုင်းလာကာ အတင်းတိုးဝင်ခွဖက်လာပြန်သည်။

" ကိုယ်...လွှတ်ပေးအုံး၊ တံခါးသွားကြည့်ရအုံးမယ် "

" အရေးစိုက်မနေနဲ့ကွာ...deli လာပို့တာလည်း
ဖြစ်မှာပေါ့၊ သူ့သူပြန်သွားလိမ့်မယ်။
အလုပ်နားရက် အေးဆေးနှပ်နေကြစို့"

ဒီနေ့ အလုပ်မသွားရတာမို့ အချိန်ကန့်သတ်မထားပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေကြခြင်းသာ...

" တီး​...တောင်.. တီး...တောင် "

ထပ်မံထွက်ပေါ်လာတာမို့ ထကြည့်ရန်တော့ လိုလာပေပြီ။

" ကိုယ် သွားကြည့်ရမယ်ထင်တယ်၊
ဘယ်သူလာတဲ့မသိဘူး။
အိပ်နေနော် ငါသွားကြည့်လိုက်မယ်။
ထွက်လာမှာဆို အဝတ်အစားအပြည့်ဝတ်ခဲ့နော် "

ညအိပ်တာမို့ ပေါ့ပေါးပါးပါး ဖရိုမရဲ ဝတ်စုံနဲ့...

" အဟွန်း...ခုကိုယ့်ကိုတိုနေတာပေါ့လေ၊
အသဲတွေယားအောင် လာအုံး ဒီနားကို...
ပြွတ်စ်...."

ထသွားမလို့ရှိသေး သူပါထလာကာ ရင်ခွင်ထဲ ပြန်ဆွဲချရင်း ပါးနှစ်ဖက်အား စုကိုင်ကာ
ဆူထွက်လာတဲ့ နှုတ်ခမ်းအား အသံမြည်အောင်ထိ လာနမ်းနေသည်။

" ဒီကြယ်သီးတွေ တပ်သွား...ကိုယ့်ရဲ့
​ဆိုးသွမ်းတာတွေ လူမြင်မယ်။
ထုတ်ကြွားလည်းရပေမဲ့ သိပ်လိုက်နေမဲ့
အချစ့်ပုံစံကို ကိုယ်ပဲ ကြည့်လို့ရတာ "

ဒီတစ်သက် အခန်းဝဆီက ရောက်ပါတော့မလား....
လာမဲ့ဧည့်သည့်ကတော့ စောင့်ပေးလိုက်ပါ။
ဒီမှာ မှာတမ်းခြွေနေတာ မပြီးသေးလို့....

ဂျီမင်လည်း ကပျာကယာ ထကာ
လမ်းလျှောက်နေရင်း အင်္ကျီကြယ်သီးကောက်တပ်ရင်း ဘယ်သူဘယ်ဝါ
ကြည့်မနေတော့ပဲ တန်းသာတံခါးဖွင့်လိုက်သည်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora