37

712 73 11
                                    

ဂျွန့်အတွက်ပဲ ဖြစ်ဖြစ် မာနတွေက ဘာအရေးလဲ...

သည်းခံလိုက်သင့်တာ....

ဂျွန်ဘယ်စိတ်ကောင်းပ့မလဲ...

ပြေလည်စေခြင်မှာပဲ...။

မေနဲ့ဖုန်းပြောနေရင်း စိတ်ပိုင်းဖြတ်လိုက်သည်။

" အမေ့..."

အာမေဋိတ်သံ....

ခါးကိုတင်းကြပ်စွာ လက်မောင်းထည်ထည်ကြီးတွေကြား ဖျစ်ညစ်ခံလိုက်ရတာမို့

အတွေးတွေလွင့်နေရင်းက ရုတ်တရက် လန့်သွားတာပင်။

ဂုတ်ပိုးဆီက လေငွေ့နွေးနွေးလေး...

ဖုန်းမချရသေးတာမို့...

" မေ့ သားဖုန်းချလိုက်တော့မယ်နော်၊မေ့ကိုချစ်တယ်၊ဖေ့ကိုရော... သားသိပါပြီ "

" ခက်ခဲတယ်မလားဟင်...
ကိုယ်ကပဲတောင်းပန်ပါတယ်၊ အချစ်ကို
စော်ကားရင် ကိုယ်ပါနာတယ်။
ထိုနည်းတူ အဲ့ထိပါးတဲ့သူက ကို့အမေမလို့
ပိုနာရတယ် အချစ်ရာ.....
ကိုယ်စောင့်ရှောက်ပ့မယ်...မေတို့ ယုံပေး..ပါဆိုတာ.."

" ရှူးး...ကိုယ် မေရောဖေရောကလေ
ဂျွန်ကိုအပြည့်အဝနားလည်သလို ယုံလို့ပဲ
သားအနှစ်ကို အပိုင်ပေးထားတာကြီးကို၊
ငါ သည်းခံပ့မယ်... မင်းကို ချစ်တာမို့..."

" ဟူး...မွ "

နားသယ်စပ်အား မက်မောစွာ နမ်းရှိုက်လာသည်။မြတ်နိုးမှုတွေအပြည့်ရယ်...
အားနာစိတ်ရယ်..ချစ်စကားကြားရတာမို့
မချင့်မရဲ စိတ်လှုပ်ရှားတာရယ်...

အထိအတွေ့ကတဆင့် ဂျွန့်ခံစားချက်အလုံးစုံကို ခံစားပေးလို့ရသည်ထိ ဒီလို ချစ်သူတွေ။

" ကိုယ့်အမေက သိပ်မောက်မာတယ်၊
မိသားစုခြင်းတောင်မှပေါ့...
နွေးထွေးမှုဆိုတဲ့ အလွှာကို
မေက မာနနဲ့ မျက်ကွယ်ပြု မလိုအပ်ခြင်ယောင်ဆောင်တယ် "

ဂျွန့်အမေဆီက အေးမျှသော နွေးထွေးမှုကို
မက်မောနေပုံ ခပ်တွေးတွေးပြောနေရှာသည်။

" ဂျွန် နမ်းကြမလား?...အာ့ဆို ဝမ်းနည်းမနေနဲ့တော့၊စကားနားမထောင်ရင် ပေးမနမ်းဘူး"

အချစ်က ဒီလိုလေး... < JK Love JM >CompletedWhere stories live. Discover now