35

730 77 7
                                    

မင်းနဲ့ပဲ မြဲခြင်ပြီး...
မင်းနဲ့ပဲ ချစ်ကြိုးသွယ်ခြင်တာ...။

တစ်ဦးဆိုင်လေးအဖြစ်ပဲ...
ယုယပါရစေ...။

ဘဝဆက်တိုင်း ဆုံခွင့်မရတောင်
ပိုင်ဆိုင်ခွင့်အာဏာကိုတော့
ငါ့ကိုပဲပေးပါ...။

ငါသိပ်အတ္တ​မကြီးပါဘူး...။

×××

" မေမေရဲ့ စိတ်တွေကို လျော့ပြီးသာ မြင်
ကြည့်ပါ။မေမေမြင်လာလိမ့်မယ်။
အဖေက မဆိုးပါဘူး..."

"....."

" မေမေရာ...ချစ်ရင် အဲ့မာနတွေက ဘာအရေးလဲ၊....မေမေက အချစ်သာခံခြင်တာ
မချစ်မှမချစ်တတ်ပဲ..."

သက်ပြင်းမောတစ်ခုနဲ့အတူ ရေရွတ်သလို ပြောလာပြီး ခပ်လေးလေးခံစားချက်တွေ
တနင့်တပိုးနဲ့ ဂျွန်။

ပြေလည်စေခြင်ပါသည်။
ချစ်စကြင်နာစ ဇနီးမောင်နှံတွေလို
မဟုတ်တောင် လင်ရယ် မယားရယ် အပေးအယူမျှမျှ ကြည်ဖြူတဲ့ အိမ်ထောင်ရေးမျိုး၊မိဘနှစ်ပါးမျိုးပေါ့။

ဘယ်တော့များမှ မေမေဟာ အဖေကို
ကျရှုံးပေးမှာလဲ?...
ဖေ​ဖေကလည်း ဘယ်ထိ
နေစိမ့်နေမှာပါလိမ့်....။

ဘာတွေက ခက်ခဲနေလဲမသိပါ။
မေမေဟာ အကြောတင်းသလို ဖေဖေကလည်း လူအေးအကြောတင်းမို့
​အနေနီးရက် သွေးအေးကြတာမဆန်း။

သိတတ်စအရွယ်ကတည်းက အမေရဲ့ ယိုးစွပ်မှုကို
ကြားလာသည်က ဖေဖေဟာ
သူ့ကိုမချစ်ပဲ တခြားမိန်းမကို တမ်းတနေသည်တဲ့။

သို့သော်ငြား ခုထိ အကောင်အထည် မမြင်ဖူးပါ။.
ငယ်ချစ်ဦးသဘောမျိုး သတိရနေတယ်ဆိုလည်း မေမေဟာ ဘာကြောင့် ခုလောက်ထိ
ခါးသီးနေရတာလဲ။

အဆင်မပြေတိုင်း ထပြောတတ်တာက
မည်သူမည်ဝါ မကွဲသော မိန်းမတစ်ဦးအကြောင်း။
ထိုအချိန်ဆို ဖေဖေက ရှောင်ထွက်သွားတတ်သည်။
ထိုအခါ အမေက ကြိတ်မနိုင်ခဲမရ မကျေနပ်နိုင်။

မေမေက အခန်းလော့ချထားရင် ဖေကလည်း
ခြေဦးမလှည့်တော့။
ဂျွန် သိပါသည်။
မေမေဟာ ဘယ်လောက်ပဲ မာနတွေအုပ်မိုးထားပစေ ၊ မိန်းမသားတစ်ဦးမို့ အားငယ်မိမှာအမှန်။
လင်ယောကျာ်းရဲ့ ယုယမှုကို လိုခြင်ရှာမှာပါပဲ။

အချစ်က ဒီလိုလေး... < JK Love JM >CompletedWhere stories live. Discover now