47

892 78 8
                                    

မေ့လျော့နေခဲ့တာမဟုတ်ပဲ....
ဘာသိဘာသာနေခဲ့ရုံ....။

ဂျောင်ကလည်း မပွင့်လင်းခဲ့သလို...
ဂျီမင်သည်လည်း စကားမစခဲ့...။

ထိပ်တိုက်ရင်ဆိုင်ကြဖို့...
နှစ်ဦးလုံးက အဆင်သင့်မဖြစ်သေးခဲ့ပုံပါပဲ။

ပတ်ဂျီမင်သည် အတွေးတွေများပြီး
မကျေမနပ်အော်ဟစ်ပစ်ခြင်လာတဲ့အခါ...
ဂျွန်ဂျောင်ကုရှေ့မှာ အသဲယားအောင်သွားစတတ်သည်။

ဂျောင်အသဲယားလာတဲ့အခါ ဂျီမင့်ပါးတွေကို
ကိုက်ခဲတတ်သည်။
ထိုအခါ နာသယောင်ပြု၍ ရန်လုပ်တတ်သည်။

သူပဲ ထိုသို့ အကိုက်ခံရတာကို ကြိုက်နေပြီးတော့....။

တခါတခါ...
ဂျောင့်ရင်ခွင်လေးထဲ ငြိမ်ငြိမ်လေး
ခွေနေတတ်သည်။
ခွေးပေါက်လေး အီနေသလို ခေါင်းလေးတိုးဝှေ့ရင်း....
ဂျောင့်ရင်ဘတ် မာကျစ်ကျစ်တွေပေါ်
ပါးလေးပွတ်သပ်ရင်းပေါ့....။

ထိုအခါမျိုးဆို ဂျောင်ကလည်း အလိုက်တသိ
ဖင်လုံးလေးအောက်ကနေ ထိန်းပွေ့ရင်း
ထထိုင်ပြီး ကလေးလေးလို ခပ်ထုပ်ထုပ်လေး
ပွေ့ပိုက်ထားတတ်သည်။

အပေးအယူတွေက ဒီလိုမျှတယ်။

ဂျောင့်အင်္ကျီရင်ဘတ်နားက ကြယ်သီးလေးကို လက်ညိုးလေးနဲ့ တို့ထိရင်း...
ခပ်အီအီလေး ဂျီကျတတ်သေးတာ။

ထိုအခါမျိုးဆို...ဂျောင့်မှာ မလူးသာ မလွန့်သာ...။
အနမ်းပေးဖို့အချိန်ကောင်းပဲမလို့...
ဆွဲယူနမ်းဖို့ကြံရင်ကျ...
သူအနားယူနေတယ်ဆိုပြီးက ပလစ်သေးတာ။
ပါးအိအိလေးက ရင်ဘတ်ဆီ ပိုပွတ်သပ်ရင်း....ကိုယ်ကပဲ သူ့ကိုနှောင့်ယှက်သလို...
ဆူထွက်လာတဲ့နှုတ်ခမ်းက သက်သေ...။

ဂျောင်မှတ်မိသလောက် ဘယ်အချိန်က
ပတ်ဂျီမင် ဒီလို လူကပ်တတ်သွားတာလဲ...။

ခုနောက်ပိုင်း ပိုပြီး လူကပ်နေတတ်ပြီး...
တခါတလေ...ခပ်တွေတွေလေး...မျက်ဝန်းတွေကို စို​က်ကြည့်နေတတ်သေးသည်။
ဝမ်းနည်းရိပ်လား....အလိုမကျရိပ်လား....
စိုးရွံ့သလိုမျိုးလေးလား.....။
အမိအရတော့  ဂျောင်ဖမ်းလို့မမိခဲ့...။

ထိုမျက်ဝန်းလဲ့လေးတွေက မျက်နှာလွဲသွားတတ်ပြီး....လက်သေးသေးလေးတွေက
လည်ဂုတ်ပေါ်တိုးကပ်ရင်း...
ရင်ခွင်ထဲ ပြန်ပုန်းသွားတတ်သည်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedTempat cerita menjadi hidup. Temukan sekarang