13

969 80 16
                                    

ဗိုက်တွေအင့်နေတာမို့ နှစ်ယောက်သား အိပ်ယာပေါ် ပက်လက်ကလေး လှဲနေလိုက်ကြသည်။

ပတ်ဂျီမင်က ဖိုးပြုံးချိုလေးဖြစ်ပြီး နတ်သားလေးဖြစ်နေတာ မထူးဆန်း။
ပတ်ဂျီမင် မိသားစုကပါ သဘောအလွန်ကောင်းကြသောကြောင့်ပင်။

ပတ်ဂျီမင် အမေရဲ့ ဟင်းချက်လက်ရာကလည်း ဆွေမျိုးမေ့။တကယ်ကောင်းသည်။
တိုက်ခန်းတွင် တစ်ယောက်တည်း နေရသော
ဂျောင်ကုအဖို့ အိမ်ထမင်း အိမ်ဟင်း ပူပူကိုလွမ်းလှသည်။

ထမင်းစားရင် မိသားစုအစုံ ပျော်ပျော်ပါးပါး
စားကြသည်က နွေးထွေးမှုအပြည့်။
အမေက သူ့ကိုလည်း ချိုမြသော အပြုံးနဲ့ဖော်ရွေကာ သူ့သားပိစိကို ကာကွယ်ပေးဖို့
သား " နဲ့ ချစ်ခင်ပေးသည်။

ထိုအခါ ပိစိက ဆူပုတ်ပုတ်။
သူကလေးမှမဟုတ်ပဲတဲ့။ ဒီလို နွေးထွေးသော မိသားစုဝင်ဖြစ်ခြင်သည်။
သူတို့မိသားစုဆို.....။

" စားကောင်းကောင်းနဲ့ စားလိုက်တာ ဗိုက်ကို
အင့်လို့ကွာ "

" ငတ်တာကို "

" အိမ်ရှင်ဆိုပြီး မသထာတာလား "

" အွန်း....ခိခိ"

" ဒီကောင်လေးတော့ကွာ "

ဂျောင်ကု အသဲယားလာသဖြင့် ဘေးနားက အဝစားသောက်ထားသဖြင့် ဗိုက်လေးအနဲငယ်လုံးထွက်နေသော အကောင်သေးလေးအား လက်ကလေးနှစ်ဖက်ချုပ်၍ နှာခေါင်းခြင်းတိုက်လိုက်သည်။

" အလုပ်လုပ်ရတာ ပင်ပန်းနေပြီမလား...."

" မပင်ပန်းပါဘူး...."

အင်းပေါ့ ။ဘယ်ပင်ပန်းပ့မလဲ။
မျက်နှာတော် မော်ဖူးပြီး လုပ်ရတော့ အဆင်ကိုပြေနေမှာပေါ့။

ဂျောင်ကု သူ့အောက်ကနေ အစက ဂရုဏာသံ​နှင့် သူပင်ပန်းမလားစိုးရိမ်နေသော အကောင်ပေါက်လေးက သူဖြေသံကြားပြီး ချက်ချင်းမျက်နှာ မကောင်းတော့တာကို အပေါ်မှာ အုပ်မိုးကြည့်နေသည့်အတွက် သူမြင်လိုက်သည်။

" ဘာတွေ အတွေးများနေပြန်ပြီလဲကွာ....ဟင်"

မေးတာကျ မဖြေ။နှုတ်ခမ်းကဆူထွက်လာသေး။

အချစ်က ဒီလိုလေး... < JK Love JM >CompletedWhere stories live. Discover now