12

947 87 18
                                    


ဂျွန်ဂျောင်ကု သူသာ အလုပ်ဝင်လုပ်နေသော်လည်း ဂျီမင်ပါ လုပ်ခြင်သည်ဟု ​ပြောသောအခါတွင်တော့ လက်မခံ။

ဘာလဲ သူ့ရဲ့မမလှလှနဲ့ လွတ်လွတ်လပ်လပ်
မနေရမှာစိုးလို့ သူ့ကျ အဲ့မှာအတူမလုပ်စေခြင်တာလား....

" အဲ့လောက်ဖြစ်ပျက်ပြမနေနဲ့.... မင်းနဲ့တနေရာတည်း မလုပ်လည်း တစ်ခြားမှာ ရှာမယ်"

" ကျစ်....ဘာအလုပ်မှ မလုပ်ရဘူး။မင်းသုံးဖို့
ငါရှာပေးမယ်။ ခုငါလုပ်နေတာ မင်းလိုတာသုံးဖို့လေ"

" လူသေး" လေးတွေက ငြိမ်ငြိမ်လေးနေရတယ်။အလုပ်မလုပ်နဲ့ ပင်ပန်းမယ်...."

ဒီလူသားလှလှလေးက လက်လုံးပိစိလေးနဲ့
ကိုယ်ပိစိလေးနဲ့ဟာ အလုပ်လုပ်စရာလား။
ဒီတိုင်း အလှထိုင်ကြည့်ဖို့ဟာ....။
ဖြစ်ပျက်ပြမနေနဲ့တဲ့လား....ဖြစ်မှာပဲ။
လူသေး" လေးက ငါ ဂျွန်ဂျောင်ကု အလှမွေးထားမဲ့ တစ်ဦးဆိုင်လေး။

တစ်ခြားသူမွေးလို့တော့မရ။
အလှထိုင်ကြည့်မှာဆိုပေမဲ့ အသဲယားလာရင်
တစ်ခုခု လုပ်မိရင်လည်း လုပ်မိမှာပေါ့....။
ဘာဖြစ်လဲ? အတိအလင်း ငါ့အပိုင်ဖြစ်လာတဲ့အခါကျရင်....

တကယ်ဆို အဲ့ငကု မလုပ်နဲ့ဆိုတိုင်း
ငါ့စိတ်နဲ့ငါ့ကိုယ်ဟာ လုပ်ခြင်လုပ်မှာပေါ့။
ဘာအရေးလဲ....

ဒါပေမဲ့ သူနာခံမိသည်သာ။ မဖြစ်မနေ အလုပ်လုပ်ဖို့တော့ မလိုဘူးမလား...။
အချမ်းသာကြီး မဟုတ်သော်လည်း နေနိုင်စားနိုင်သည့် ပတ်ဂျီမင်တို့မိသားစုလေးပါ။

ဂျောင်ကုက တယောက်တည်းနေတော့ ငွေလိုသည်လား။သူကျ လုပ်နေပြီး။
သူ့မိဘက ငွေပို့နေတာပဲ။သူဖုန်းပြောရင်း
တစ်စွန်းတစ်စကြားမိသည်သာ....။

ဂျွန်ဂျောင်ကုရဲ့ အလုပ်သို့ သွားဝင်ကြိုပြီး
ဂျီမင်ကို တစ်ဖန် အိမ်ပြန်လိုက်ပို့ပေးသည်။
ထိုအချိန်မှသာ စကားပြောဖြစ်ကြပြီး အတွေ့အများဆုံး အချိန်လို့ပြောရမည်။

အရင်က ညတိုင်း ဖုန်းဆက် အာလပ
သလာပ စကားတွေပြောဖြစ်ဆဲ ဖုန်းချပြီးမှ အိပ်တတ်ပေမဲ့ အလုပ်ဝင်ပြီးနောက်ပိုင်း
နေ့တိုင်းတော့ မဆက်လာတော့။

အချစ်က ဒီလိုလေး... < JK Love JM >CompletedDonde viven las historias. Descúbrelo ahora