25

937 77 2
                                    

ချစ်သူဖြစ်ပြီး နောက်နေ့မှာပဲ...
တန်းပြီး ကတောက်ကဆ ဖြစ်ရတယ်။

မရည်ရွယ်မိပဲ....ကြိုတင်တွေးထားတာမျိုး
မရှိပဲ....ဒါကပဲ လူငယ် သဘာဝ
ချစ်စုံတွဲတွေရဲ့ စတိုင်တစ်မျိုးလား?

ရန်ဖြစ်ကြတဲ့ စုံတွဲတွေက ပိုမြဲတယ်ဆိုလား?

မသိဘူးလေ....။ လူတိုင်းနဲ့တော့
ဘယ်ဒဿနမှ မကိုက်ညီလောက်ဘူး။

ဘာလို့ဆို....လူတစ်ယောက်...
နှလုံးသားတစ်ခုစီနဲ့မို့... ခံစားတာခြင်း
ဘယ်တူပ့။ မတူညီသော နှလုံးသား
နှစ်စုံက တစ်စုံတည်း ထပ်တူကျဖို့ဆိုတာက
တော်ရုံ ချစ်သူတွေ မဟုတ်နိုင်။

နှစ်ကိုယ့်တစ်စိတ် ဆိုတဲ့စကားက...
တကယ်တော့ သိပ်ခက်ခဲပြီး..လေးနက်တာ။

စိတ်တူ ကိုယ်တူ ဝါသနာတူ....
ရည်မှန်းချက်တူတဲ့...ကို့ရဲ့ပါတနာနဲ့
အပေးအယူမျှတယ်ဆိုတာ...
ဖူစားရေးနတ်ရဲ့ ဘက်လိုက်မှုနဲ့လည်း
ဆိုင်မယ်ထင်တယ်။

ဒါဆို....ဂျွန်ဂျောင်ကုနဲ့ ပတ်ဂျီမင် ဘက်ကို
သိ"သာ"တစ်ဖက်စောင်းနေတာပဲ...။

ဘဝလက်တွဲဖော်ကောင်းဆိုတာ...
ဘယ်မှ ပြေးရှာကြည့်စရာမလိုဘူး။
Jeon Jungkook 💚Park Jimin လို့ကို
စာတန်းထိုးပြီး....ပုံနှိပ်ထားလေရဲ့...။

...........×××။

သွေးအေးသွားတော့ လက်ကအနာက
ပိုဖူးယောင်လာတယ်။
မြင်ရက်စရာမရှိ....ညိုပုတ်ပုတ်အရောင်သန်းနေကာ...အသားစတချို့က လန်လို့။

အတန်းမတက်တော့ပဲ ဆေးခန်းခေါ်တော့လည်းမရ။
ပေကပ်ကာ.... အတန်းထဲ ငုတ်တုတ်ကြီးထိုင်နေတယ်။
ငဂျောင်ကနေ....ငဂျစ်ဖြစ်နေတယ်။
ကို့မှာသာ ဖူးယောင်နေတဲ့ သူ့လက်စီသာ
မျက်လုံးကမခွာနိုင်။

ပိုယောင်ကိုင်းလာတာကြောင့်...
မမြင်ရက်နိုင်တဲ့အဆုံးတော့...
နောက်ဆုံးအတန်း ပြီးတဲ့ထိမစောင့်တော့ပဲ
ဇွတ်အတင်း ဆွဲခေါ်လာရသည်။

ဒါတောင် အင်တင်တင်နဲ့ ပေကပ်နေလို့...
​ပတ်ဂျီမင်ရဲ့ ပြိုတော့မဲ့ မိုးနှယ်
ရွှေမျက်နှာတော်ကြောင့်....။

ဂျွန်ဂျောင်ကုက တကယ့်ပေကပ်ကပ်...။
တိုက်ခန်းရောက်တော့လည်း ဆေးထည့်ဖို့ရာ
စိတ်ကူးထဲတောင်ရှိပုံမပေါ်...။

အချစ်က ဒီလိုလေး... < JK Love JM >Completedحيث تعيش القصص. اكتشف الآن