44

745 75 4
                                    

ဒီအချိန်ကြီးမှ ဘာလို့ဖုန်းခေါ်လာရပါသလဲ...။

တခါမှ ဒီလောက်ညည့်နက်မှ မဆက်သွယ်ဖူးတာမို့ တစ်ခုခုများ ဖြစ်လို့လားဟု
စိုးရိမ်စွာ ဖုန်းအားကိုင်ရင်း...

" အမေ.... ဘာလို့လဲ၊အမေဘာဖြစ်လို့လဲ?
ခုချိန်ကြီး အမေတစ်ခုခုများ ဖြစ်လို့လား?...
အမေ! "

တစ်ဖက်ကသားဖြစ်သူရဲ့ ပူပန်တကြီး
စိုးရိမ်တဲ့အသံကိုကြားရတာမို့
သူမ ဒီလိုရော လုပ်သင့်ရဲ့လား? လို့ တွေဝေမိပြန်သည်။

အို....မဖြစ်ရဘူး၊သူမချစ်သောယောကျာ်း
တစ်ဦးတင်မက သူမချစ်သော သားကိုပါ
ထပ်မံ လက်လွှတ်မပေးနိုင်ဘူး။

သူမ မလွန်ပါဘူး...။သူမတစ်ခါတော့ အနိုင်ရခြင်သည်။
ထိုကလေးက သူတို့အရိပ်အမြုံရဲ့
ရင်နှစ်သည်းချာလေးမှန်း ထိုကောင်လေးအသွင်အပြင်ကြည့်ရုံနဲ့တင်
အချစ်တွေနဲ့ ယုယထားတဲ့ ကလေးမှန်းသိသာတာမို့...ထိုကလေးကိုသာထိရင်
တစ်ယောက်သောသူလည်း ထိမှာမလား?
အဟား ဟုတ်တယ် ။ သူမ မလွန်ဘူး...။

သူမ ဒီမြို့မှာ ရောက်နေတာ မနေ့ကပင်။
ဒီမြို့ရှိ ရုံးခွဲက သူမလူယုံ အကြောင်းကြားမှုအရ သားဖြစ်သူက ရုံးမှာ အတိအလင်း
ထိုကောင်လေးအား ချပြကာ
မိတ်ဆက်ပေးလိုက်သည်တဲ့။

တောက်စ်!...ယူမီနဲ့ ထင်ကြေးပေးနေကြတာကို ဒီနည်းနဲ့ ခေါင်းရှောင်လိုက်ပုံ...။

သူမ ယူမီနဲ့ တိုက်တွန်းတာကို ပယ်ချတယ်ပေါ့။
မင်းအမေ ဒီလောက် လွယ်လွယ်အလျော့ပေးလိမ့်မယ်ထင်သလား? သားကု...။

ဝေးပါသေးရဲ့....။

ခုနတင် ယူမီဆိုသောကလေးမက ရှိုက်ကြီးတငင် ငိုကြွေးကာ ဖုန်းဆက်လာသည်။
သူမ ရှုံးသွားပြီဆိုတဲ့အကြောင်း
သားကုက သူ့ကို ရွံသွားပြီဆိုပြီး
အဖြစ်အပျက်အား ငိုယိုကာ ပြောနေသည်။

နားထောင်နေရင်း သူမမျက်နှာ လက်ကနဲဖြစ်သွားသည်။
ဒါဆို သားကုက ထွက်လာခဲ့သည်ပေါ့။
ထိုကောင်လေးရှိရာကနေ ယူမီဆီ ထွက်လာခဲ့သည်ပေါ့။အဟား....
သူမ ခပ်မဲ့မဲ့တစ်ချက်ပြုံးလိုက်ပြီး
ဉာဏ်ထက်လွန်းသော သူမက
ချက်ချင်း အတွေးတစ်ခုရသည်။

အချစ်က ဒီလိုလေး... < JK Love JM >CompletedOù les histoires vivent. Découvrez maintenant