34

754 71 6
                                    

ဒီနေ့ ရုံးကအပြန် ကားပေါ်တွင်တော့
စကားတွေမပြောဖြစ်ကြဘူး။
နှစ်ဦးစလုံး တိတ်​ဆိတ်စွာ....

ဂျွန့်အတွေးထဲတွင်တော့...
အမေရဲ့ တိုက်တွန်းမှုအပေါ် ဘယ်လိုရှောင်ထွက်ရင် ကောင်းမလဲ...
ချစ်ရသူအား ဘယ်လိုအစထုတ် ချပြရမလဲ
ဆိုတာပင်။

လွယ်မယောင်နဲ့ခက်သား၊
မမယူမီအား ငြင်းချက်ထုတ်ရင်
ဘာကြောင့်လဲ...ဆိုတဲ့ မေးခွန်းတွေ ထုတ်လာမှာ။
ထိုအခါ ချစ်ရသူရှိနှင့်နေပြီဖြစ်ကြောင်း
ပြောရတော့မှာမလား...။

ခါးသီးစွာ အမေက လက်မခံရင်
လာရောက်ထိပါးမှာက သူ့အသက်ဆီကိုပဲ။

မဖြစ်ပါဘူး၊ တချိန်ကြုံလာရမှာပေမဲ့
သူအထိမခံနိုင်သေးပါဘူး။

ဘယ်လိုပုံစံနဲ့ ဖွင့်ဟပြပ့...။

ဂျီမင်တွေးနေသည်ကတော့...
ဂျွန်ဂျောင်ကုက အပြီးအပိုင်
သူ့ဟာဆိုပေမဲ့ မယုံတာက
ကံကြမ္မာဆိုတဲ့ အဲ့ကောင်ကို....။

ချွတ်ချော်ပြီးများ....
သူ့ပွပွက သူ့အတွက် မဟုတ်တော့ရင်ရော..

ကျစ်... အာရုံနောက်စရာတွေ...။

ဂျွန်ဂျောင်ကုဆီက အသာအချစ်ခံနေရမလားမှတ်တယ်။
သွေးတိုးလာစမ်းခြင်နေကြတယ်..။

ဂျွန် မင်းက လူတိုင်းမမက်မောရတဲ့
ယောကျာ်းသားတစ်ယောက်ဆိုလည်း ကောင်းသား၊ ငါပဲ မက်မောပြမယ်။
ငါပဲ မင်းအပေါ် ရူးမူးပြပြီး...
ချစ်စခန်းထမယ်...။

ဂျွန် မင်းကို ရင်ခွင်ထဲ ထည့်ဖွက်ရအောင်လည်း မင်းကိုယ်ကြီးက ကြီးတယ်။
ငါ့နှစ်ကိုယ်စာလောက် ကြီးနေမှတော့
ငါလုံအောင် ဖွက်လို့မနိုင်ဘူး...။

ငါကသေးတာမို့...။အဲ့အစား
မင်းကပဲ ဂျွန်..၊ မင်းကိုယ်အကြီး​ကြီးနဲ့ပဲ
ငါ့ကိုထည့်ဖွက်ပြီး ငါ့မျက်နှာတစ်ကမ္ဘာလုပ်ပြီး လူတွေ အမြင်ကပ်လောက်အောင်
သိမ်းထုပ်ထားပေးစမ်းပါ။

ဂျွန်...မင်းကို စိတ်မချတော့ဘူး...။

××××|

မသိခြင်ယောင်ဆောင် ကျော်ပေးခဲ့တယ်။
ဂျွန်အဖြေခက်နေမှာစိုးလို့...
ဘာစကားမှ ပြောမလာပုံထောက်ရင်
​ပြောဖို့ အဆင်မပြေလို့ဆိုတာ
အလိုလိုရိပ်စားမိလိုက်တာမို့...
အလိုက်သိစွာ မမေးမြန်းခဲ့။

အချစ်က ဒီလိုလေး... < JK Love JM >CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ