52

982 99 29
                                    

နောက်ဆို....
မင်းမရှိတဲ့ အိပ်ယာမှာ ငါအိပ်ပျော်အောင်
ကြိုးစားရတော့မယ်...။

နောက်ဆို....
မျက်နှာမသစ်ပဲ လာနမ်းတတ်တဲ့
ညစ်ပတ်တဲ့ အနမ်းတွေကို
မတောင့်တမိအောင်
နေရတော့မယ်...။

နောက်ဆို...
ရေချိုးခန်း တူတူလုသုံးရင်း
သွားတိုက်တဲ့အခါ အမြှုပ်တွေကို
မင်းမျက်နှာသုတ်ဖို့ လက်မလှမ်းမိအောင်
နေရတော့မယ်...။

နောက်ဆို....
ငါနဲ့မတော်တဲ့ မင်းရဲ့ အင်္ကျီခပ်ကြီးကြီးတွေကို
ငါယူဝတ်ခွင့်ရှိတော့မှာ မဟုတ်ဘူး....။


ပန်းသီးစိမ်းလေးတွေ စားတိုင်း....
မင်းကပိုချိုတယ်ဆိုပြီး
လုံးချေနမ်းပြီး သိမ်းပိုက်တတ်တဲ့
မင်းကို တောင့်တမိတဲ့အခါ
ငါဘယ်လိုလုပ်ရမလဲ...။

နှင်းတွေကို သိပ်ချစ်တဲ့ငါ့ကို...
နှင်းကျတိုင်း တကူးတက အိမ်အပြင်ထွက်ပြီး
နှင်းတောထဲ လူးလှိမ့်နမ်းပြီး
ချမ်းလို့ဆိုကာ အနွေးဓာတ်ဖလှယ်တတ်ကြတဲ့
လူ့ဂွစာလေး နှစ်ယောက်ကို...
ဘေးအိမ်တွေက နှင်းကျတိုင်း
တီးတိုး
ပြောနေအုံးမှာလား...။
နှင်းထဲ တမင်ထွက်နေပြီးတော့များ...
ချမ်းသတဲ့လို့ သူများတွေက ကဲ့ရဲ့ကြတယ်။

သန်မာတုတ်ခိုင်တဲ့ လက်မောင်းတစ်ဖက်ထဲနဲ့
ကိုယ်လုံးပိစိလေးကို တွဲလောင်းချိတ်သွား
တတ်တဲ့ ထိုလက်တစ်စုံပေါ်ကို
တွဲခိုခွင့် ငါ့မှာထပ်မရှိတော့မှာ ကြောက်တယ်။

တချို့ညတွေမှာ တစ်ခွက်တစ်ဖလား
ချရာက လက်လွန်ပြီး...
အိမ်ထဲတင် စိန်ပြေးလိုက်တမ်းကစားလို့
မင်းခြင်ထောင်ကျိုးသွားရင်...
ကျိုးသွားတဲ့ ခြင်ထောင်ထက်
ငါခိုက်မိမှာစိုးလို့
လိုက်ထိန်းပေးမဲ့ မင်းမရှိရင်
ငါအဆင်ပြေပ့မလား...။
ခြင်ထောင်ကျိုးသွားရခြင်း အကြောင်းတွေကိုတော့ မမေးကြေးလေ...။

တစ်မိုးအောက်ထဲ ၊ ခြင်ထောင်တစ်လုံးတည်း...
မင်းနဲ့အတူ ဖြတ်သန်းခဲ့ရတဲ့
နေ့ ၊ ည ၊ ရက်တွေနဲ့ နေသားကျနေပြီကို
ငါဘယ်လို ကျောခိုင်းရမှာလဲ ဟင်....။

အချစ်က ဒီလိုလေး... < JK Love JM >CompletedOnde histórias criam vida. Descubra agora