50

856 78 24
                                    


လူကုံထံအသိုင်းအဝိုင်းကြားက ပြုလုပ်တဲ့
ပွဲပီပီ ဂုဏ်ရောင် ၊ ငွေရောင် တဖိတ်ဖိတ်တောက်နေသည်။

လူတိုင်းအပြုံးကိုယ်စီ ချိတ်ဆွဲထား​ကြပြီး
သက်ဆိုင်ရာ အသိုင်းအဝိုင်း အလိုက်
နှုတ်ဆက်သူကဆက် ၊ အလပ သလပ
စီးပွားရေး အကျိုးအမြတ်တွေအကြောင်း
စကားကြောင်းသူကကြောင်းနဲ့ အတော်ပင်
စည်ကားနေပေမဲ့....ထိုဂုဏ်ရောင်ငွေရောင်တွေကပဲ အရောင်ထွက်လွန်း၍လားမသိ
ပူလောင်လှပေသည်။

ထိုအပြုံးများထဲတွင်...စိတ်ရင်းဖြင့်ပြုံးသူ
ဘယ်နှယောက်ပါလိမ့်မလဲ....

အပေါ်ယံရွှေမှုန်ကြဲ ရွှေခါထိုး ကောင်းပြနေသော ဆက်ဆံရေးများသာ ခပ်များများပင်။

မိတ်ဆွေစစ် မိတ်ဆွေမှန်ဆိုတာ
ဒီလို ဂုဏ်တုဂုဏ်ပြိုင်ကြားတွင်ဆို
ရှားပါးမည်မှာမလွှဲပေ...။

Give and Take သာရှိသော ဖက်လဲတကင်း
အသိမိတ်ဆွေသာ ပေါများသည်။

အောက်သို့ ထိုးကျသွားလျှင်
လက်ကမ်းပေးမဲ့သူထက် မျက်နှာလွှဲမသိခြင်​ယောင်ဆောင်ကာ မျက်ကွယ်ပြုပြီး
ဟားတိုက်မဲ့သူသာ များသည်။

ထိုအရာတွေကိုပင် အဆင့်အတန်းဟု
သတ်မှတ်ပြီး မာနရောင်လက်နေတဲ့သူထဲတွင်
ဂျောင်ကုရဲ့အမေ သူမလည်းအပါအဝင်။

အဆင်းမရှိပေမဲ့ အခြင်းရှိတဲ့ နှလုံးသားတွေဟာလည်း လှကြောင်း သူမ သိနိုင်မည်မဟုတ်။

-------×××××

မွေးနေ့ပွဲကျင်းပနေသော အလွှာသို့
ရောက်သည်နှင့်ပင် တခမ်းတနား
ပြင်ဆင်ထားမှုများက အံ့သြဘနန်းဖြစ်ရသည်ထိ။

လူငယ်ဘဝဖြတ်သန်းရင်း ကျောင်းတက်နေခဲ့စဥ်ကပင် ဂျောင်ကုအမေဟာ တော်သည်၊ထက်သည်။ထိုစဥ်ကတည်းကပင်
မိဘရဲ့ စီးပွားရေး လုပ်ငန်းများတွင်
တစ်စိတ်တစ်ပိုင်း ဦးစီးကွပ်ကဲနေသည်ထိ
အရည်အခြင်းရှိတာကို သူမတို့သိပြီးသားမို့
ဒီလောက်ထိ တခမ်းတနားရှိမှုကို
အသိအမှတ်ပြုလိုက်သည်။

ဘယ်လိုပြောင်းလဲနေမလဲ သိခြင်လှသည်။

နုတုန်း၊ငယ်တုန်း...
ဖျတ်ဖျတ်လတ်လတ် ချောမောထက်မြက်သော မိန်းမတစ်ဦးအသွင်
ဆောင်နေမှာကိုတော့ ပြေးမကြည့်ရလေအောင် ခန့်မှန်းပြီးသားပင်...။

အချစ်က ဒီလိုလေး... < JK Love JM >CompletedKde žijí příběhy. Začni objevovat