Part (15)

577 70 16
                                    

#Unicode

မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစားမိလိုက်သည်။
ဝေဝါးနေသည့် အမြင်အာရုံကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းမိတော့မှ...
"အမလေး...."
နှုတ်ဖျားမှ အာမေဋိတ် အသံထွက်ကျလာသည်နှင့် ကုတင်ဘေးကြမ်းပြင်တွင်ထိုင်ကာ ကုတင်ပေါ် ခေါင်းအပ်ထားသော သံသာက မော့ကြည့်လာသည်။
"သံသာ... နှုတ်ခမ်းက ဘာဖြစ်တာလဲ"
အံ့အားသင့်စွာ မေးခွန်းထုတ်နေသည့် ပန်းအား
သံသာက ညှိုးငယ်နေသည့် အကြည့်တို့ဖြင့် ကြည့်ရင်း..
"ခေါင်းကိုက်နေတယ်မလား... သံပုရာရည်ဖျော်ပေးမယ် ခဏစောင့်"
ကုတင်ပေါ်ကို လက်ထောက်ကာ အားယူရင်း ထလိုက်သည့် သံသာ့ကို ပြန်ဆွဲထားသည့် သူကား ပန်း...
"နှုတ်ခမ်းက ဘာဖြစ်တာလဲဟင်... ညက သံသာ့အပေါ် ဘာတွေမကောင်းတာလုပ်မိသေးလဲ"

သံသာ လည်ပြန်ကြည့်လိုက်တော့ မမပန်း၏ စိုးရိမ်ကြောင့်ကြမှု ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံကို ရင်ဆိုင်လိုက်ရသည်။
"တကယ်ပဲ ဘာကိုမှ မမှတ်မိဘူးလား"
"တကယ် ဘာကိုမှ မမှတ်မိတာ..."
စိုးရိမ်ပူပန်နေသည့် မမပန်း၏ မျက်ဝန်းများကို အားတင်းကာ စိုက်ကြည့်လိုက်ရင်း...
"ဘာမကောင်းတာမှ မလုပ်ခဲ့ပါဘူး..."

ချက်ချင်းဆိုသလို တစ်ဖက်ကိုလှည့်လိုက်သည့်
သံသာ့ကို ပန်း သင်္ကာမကင်း ဖြစ်မိသည်။
"လိမ်နေတာ"
"သံပုရာရည် သွားဖျော်လိုက်ဦးမယ်"
ထထွက်ရန်ကြံစည်နေသည့် သံသာ့ကို ပန်း တစ်ဖန် လက်ဆွဲထားမိပြန်သည်။ ဤ တစ်ကြိမ်တော့ ကုတင်ပေါ်မှ ကိုယ်တိုင်ထကာ သူမ၏ မျက်ဝန်းများကို တည့်တည့် စိုက်ကြည့်လိုက်ရင်း...
"မင်း လိမ်နေတာမလား"
မည်သို့သော တုံ့ပြန်မှုမျိုးမှ မရှိပါပဲလျက် သံသာက ခေါင်းကို ငုံ့ထားလျက်ပင်....
"တည့်တည့်ကြည့်... ငါ့ကို အမှန်အတိုင်းပြောပါ"
သံသာ့မျက်နှာကို ထိကိုင်ရန် ကြိုးစားမိတော့ အထိမခံပဲ တစ်ဖက်သို့လှည့်သွားပြန်သည်။
"ငါစိတ်တွေ အရမ်းပူလာပြီသိလား... ငါမင်းအပေါ် ပြင်လို့မရတဲ့ အမှားကြီး ကျူးလွန်မိရင် ဘယ်လိုလုပ်မလဲ"
"ပြင်လို့မရတဲ့အမှားကြီးကျူးလွန်မိရင်ရော...."
မိမိကို ကျောခိုင်းကာ မေးခွန်းပြန်ထုတ်နေသည့် သံသာ့ကြောင့် ပန်း ကြမ်းပြင်ပေါ်သို့ ခွေလျက်သား ထိုင်ချလိုက်မိသည်။
"မေးနေတယ်လေ... အဲ့ဒါဆိုရင် မမပန်း ဘယ်လိုလုပ်မှာလဲ"
သံသာလှည့်ကြည့်လိုက်တော့ မမပန်းက ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ်နေသည့် ပုံစံဖြင့် မျက်ရည်များ အဝိုင်းသား...

အဆိပ်Donde viven las historias. Descúbrelo ahora