Part (10)

780 93 4
                                    

Unicode

နွယ် နိုးလာချိန်တွင် ပန်း က ဝရန်တာမှာ ကော်ဖီခွက်တစ်ခွက်နှင့် ထိုင်နေဆဲပါ။ နွယ်လည်း
အိပ်ယာမှထကာ ပန်းရှိရာသို့ လေးလံသော ခြေလှမ်းများဖြင့်လျှောက်လှမ်းလိုက်ရင်း...
"ပန်း နင်အဆင်ပြေရဲ့လား"
နွယ့်အမေးကို ခေါင်းငြိမ့်ပြကာ ရောင်နီမပေါ်သေးသည့် ကောင်းကင်ကြီးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည့် ပန်း...

"နွယ် ကောင်းကင်ကြီးကို ကြည့်လိုက်ပါဦး သိပ်လှတာပဲ"
"ဟုတ်တယ်နော် "
"မနက်နေထွက်တဲ့အထိ အတူတူ ထိုင်ကြည့်ရအောင်လေ နွယ်"
နွယ်လည်း ခေါင်းငြိမ့်ကာ ပန်းကို ပြုံးပြလိုက်ရင်း ဘေးရှိခုံ၌ ဝင်ထိုင်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်သည်။

ပန်းဘေး၌ လာထိုင်သည့်နွယ့်ကြောင့် အနည်းငယ် ရင်ခုန် ကြည်နူးမိသည်။ တစ်ဆက်တည်း၌ပင် ခေါင်းလေးကိုစောင်းညွတ်လိုက်ကာ နွယ့်ပုခုံးပေါ်
မှီလိုက်ရင်း ကောင်းကင်ကြီးကို တမေ့တမော ငေးကြည့်နေလိုက်သည်။
"နွယ် ငါတို့အမြဲတမ်း ဒီလိုလေး အတူတူ
ရှိနေလို့ရရင် သိပ်ကောင်းမှာပဲ"
စကားအဆုံး၌ နွယ့်လက်ချောင်းလေးများက ပန်း၏ ဆံနွယ်များကို ထိုးဖွလိုက်ရင်း...
"ရှိနိုင်မှာပါ ပန်းရဲ့... ငါတို့က မိသားစုပဲမလား"
နွယ့်အဖြေကြောင့် ပန်းဖွဖွလေးပြုံးမိသည်။
"အင်း...ပန်းမှာ နွယ်ရှိသလို...နွယ့်မှာ ပန်းရှိတယ်"
"ဒါပေါ့...ဒါပေါ့... နင်လည်း အတိတ်ကနေ အမြန်ဆုံးရုန်းထွက်နိုင်ဖို့ ငါမျှော်လင့်တယ် ပန်း"
ပန်းကတော့ ဘာမှပြန်မပြောပဲ နွယ့်ပုခုံးထက်၌ ငြိမ်သက်လျက်သာ...

×××
ဘာကြောင့်မှန်းမသိ သံသာညက ကောင်းကောင်းအိပ်မပျော်ပါ...
စိတ်ထဲ၌ တစ်ခုခုလေးလံနေသလို ခံစားနေရသည်မို့ စိတ်လည်းမကြည် ခေါင်းလည်းမကြည်...

သံသာ ကုမ္ပဏီမသွားခင် မမပန်းကိုဝင်ခေါ်ရန် စိတ်ကူးကာ မမပန်းရှိရာသို့....

တံခါးခေါက်သံကြားသည်မို့ နွယ်အပြေးအလွှားဖြင့် တံခါးနားသွားကာ ဖွင့်ပေးလိုက်တော့ အနက်ရောင် စကတ်အတိုနှင့်ကုတ်ကို တွဲဖက်ဝတ်ဆင်ထားသည့် သံသာ့ကိုတွေ့လိုက်ရလေသည်။
"ဝင်ပါ သံသာ"
အဝတ်အစားကို smart ကျကျဝတ်ဆင်တတ်ရုံ
သာမက ဆွဲဆောင်မှုရှိလှသည့် body  ကောက်ကြောင်းနှင့် ညှို့အားပြင်းသည့် မျက်နှာပေါက်ကို ပိုင်ဆိုင်ထားသည့် သံသာမှာ အလွန်အမင်း လှပနေပေသည်။

အဆိပ်Where stories live. Discover now