Unicode
"သံသာ ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး မမပန်း"
မမပန်းကို ပွေ့ဖက်ထားရာမှ ဖြေလျှော့လိုက်ကာ သူမ၏ မျက်ဝန်းများကို ကြည်နူးကျေနပ်နေသော မျက်ဝန်းများဖြင့် နွေးထွေးစွာကြည့်လိုက်သည်။မမပန်းမှာမူကား သံသာ့မျက်ဝန်းများနှင့်
ဆန့်ကျင်ဘက်။ပြုံးရယ်ခြင်း အလျင်းမရှိသလို အေးစက်စက်မျက်နှာပေးနှင့် မျက်ဝန်းသေများက သံသာ့အား ခြိမ်းခြောက်နေသယောင်...
"မမပန်း ဘာလို့မပြုံးတာလဲဟင်"
"ငါပြုံးဖို့ကို မင်းက မျှော်လင့်နေသေးတာလား"
"သံသာက မမပန်းအမြဲပြုံးနေဖို့ မျှော်လင့်တာပါ"
"အဟား...ရယ်ရတယ်နော်...ငါအမြဲပြုံးနေဖို့ မျှော်လင့်တဲ့လူက ဒီလိုလုပ်ရပ်တွေ လုပ်စရာ အကြောင်းမရှိဘူးမလား"
"သံသာ့လုပ်ရပ်တွေအတွက် သံသာတကယ်ကို စိတ်ထိခိုက်ရပါတယ်..."
"တော်ပါတော့...လျှာအရိုးမရှိတိုင်း လျှောက်ပြောမနေပါနဲ့"
"သံသာ့ကိုမယုံလည်းနေပါ...အခုတော့ ပြုံးလိုက်ပါ"သံသာက ပြုံးခိုင်းနေသော်လည်း မမပန်းကတော့ သံသာ့ကို စိမ်းစိမ်းကားကားကြည့်နေဆဲပင်...
"ထားပါတော့...မပြုံးချင်ရင်လည်းနေပါ... မမပန်းလည်း သက်သာလာပြီဆိုတော့ အခုအရင်ဆုံး မနက်စာစားပြီးတာနဲ့ ဒယ်ဒီ့ကို သွားတွေ့ကြမယ်"
"ငါ နွယ့်ဆီအရင်သွားချင်တယ်"
သံသာက ပန်း၏ စကားကို ဥပေက္ခာပြုကာ...
"အခုတော့ လက်ကိုဆေးထည့်ဖို့ လုပ်ကြတာပေါ့"
"ငါပြောနေတာ မကြားဘူးလား...ဟမ်"
"မသိဘူး မကြားဘူး...လက်ပေး ဆေးထည့်မလို့"
"မလိုဘူး...ဂရုစိုက်မနေနဲ့"
"ဂရုမစိုက်လို့ရမလား...မမပန်းက သံသာ့ချစ်သူ... သံသာတန်ဖိုးထားရတဲ့လူ..."
"တော်လိုက်ပါတော့...ဘယ်သူကမှ ကိုယ်တန်ဖိုးထား ပြီးချစ်ရတဲ့လူရဲ့စကားကို ဥပေက္ခာမပြုဘူး..."
မမပန်းစကားကြောင့် သံသာ အရှိုက်ထိသွားရသည်။
"အိုခေလေ...ဒါဆိုလည်း အပေးအယူလုပ်ကြတာ
ပေါ့...မမနွယ်ဆီအရင်သွားချင်ရင်လက်ကိုဆေးထည့်
တာခံရမယ်...သံသာနဲ့အတူတူ မနက်စာ စားရမယ်"
မမပန်းက ခဏတာ စဥ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလေသည်။
"ကောင်းပြီလေ...အခုတော့ လက်ပေး...
သံသာဆေးထည့်ပေးမယ်"
![](https://img.wattpad.com/cover/232468945-288-k294764.jpg)
YOU ARE READING
အဆိပ်