Part (3)

917 100 0
                                    

Unicode

လေးလံနေသည့်မျက်ခွံများကို အားယူကာဖွင့်ကြည့်လိုက်တော့ မရင်းနှီးသည့် ပတ်ဝန်းကျင်ကို တွေ့မြင်လိုက်ရသည်။

ပတ်ပတ်လည်ကို မျက်စိကစားလိုက်ရာမှ အလုံပိတ်ထားသည့် အခန်းငယ်တစ်ခုဟုသာ ကောက်ချက်ချလိုက်သည်။

မတ်တပ်ရပ်ရန် ကြိုးစားလိုက်တော့မှ လက်နှစ်ဖက်
အား နောက်ပြန်ကြိုးတုပ်နှောင်ခံထားရသည်ကို သတိထားမိ၏။

ပါးစပ်၌လည်း အဝတ်စည်းထားသဖြင့် ကြိုးစား၍အော်နေလည်း အသံထွက်မလာပါ။

"သတိရလာပြီလား မမပန်း"
မေးခွန်းအဆုံး၌ ပါးစပ်မှအဝတ်ကို ဖြေပေးလိုက်ကာ အေးစက်သည့်အပြုံးတို့ဖြင့် ပန်းကို ကြည့်နေသည့် လွှမ်းသံသာထွဋ်....

"ဘာကြောင့်လဲ?...ဘာအတွက်နဲ့ ငါ့ကိုအခုလို ချုပ်နှောင်ထားရတာလဲ"
"စဥ်းစားကြည့်ပေါ့...မမပန်းရဲ့...ဘာကြောင့်ဖြစ်မလဲ"
ခနဲ့တဲ့တဲ့ပြန်ဖြေသည့် သံသာ့ကိုကြည့်ပြီး ကိုယ့်ဦးနှောက်ကိုယ် အလုပ်ပေးရတော့သည်။

"ငါမင်းအပေါ် ဘာအမှားမှ မကျူးလွန်ခဲ့ဖူးဘူး...
မဟုတ်မှလွဲ... မင်းအကိုကြောင့်လား"
"စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ရင် သံသာ မမပန်းကို လွှတ်ပေးမယ်...ဘယ်လိုလဲ"
"အဟက်...ငါ့ဘက်က ရှေ့ဆက်တိုးမယ်
ဆိုရင်ရော..."

သံသာက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး...
"အဲ့ဒါဆိုလည်း ဒီမှာပဲ တစ်သက်လုံးနေသွားတော့
ပေါ့"
"မင်း ဥပဒေကို မကြောက်ဘူးလား...ဟင်???ငါအခုပျောက်နေတာ သိကြရင် ရဲစခန်းမှာ တိုင်ချက်ဖွင့်ကြမှာပဲ...မင်း လွတ်မယ်များ
ထင်နေတာလား"
"ဟားဟားဟား...မမပန်းရယ်...ရှေ့နေလို့ကို မပြောရဘူး ဥပဒေနဲ့ ကိုင်ပေါက်နေတာပဲ..."
"ထောင်နန်းမစံချင်ရင် ငါ့ကိုလွှတ်ပေးပါ..."

ပန်း၏ စကားအဆုံး၌ သံသာ့မျက်နှာခက်ထန်လာပြီး
"ဥပဒေကို အလေးထားတဲ့ ရှေ့နေတစ်ယောက်က ဒုစရိုက်ပြုဖို့ ကြိုးစားနေတာကရော ကောင်းလား မမပန်း"
ပန်းအား မေးခွန်းထုတ်လိုက်သည့် သံသာ့ကို ကြည့်ပြီး အံ့အားသင့်နေမိသည်။
"ဘာကိုဆိုလိုချင်တာလဲ..."
"မမပန်း အသိဆုံးဖြစ်မှာပါ... မမပန်းနဲ့ သတ္တိစံဆိုတဲ့ လူနဲ့ ပူးပေါင်းပြီး ဘာတွေကို လျှို့ဝှက်ကြံစည်နေကြ
တာလဲ ပြောပါဦး..."
"မင်းအထင်လွဲနေပြီ...သူနဲ့ငါက အလုပ်တွဲလုပ်ကြတဲ့ ပါတနာတွေပါ...ငါကိုင်ရတဲ့ ခက်ခဲတဲ့အမှုတွေ
အတွက် အလွတ်စုံထောက်ကို ငှားတာ ဒုစရိုက်ဖြစ်သွားရောလား..."
"ဆိုလိုရင်းကို နားမလည်သေးဘူးလား...မမပန်းကို ဒဲ့မေးမှ သံသာ့ကို ပြောပြမှာလား..."
ပန်းအား အော်ဟစ်ကာ ပြောဆိုနေသည့် သံသာ့ကို ကြည့်ပြီး စိုးရိမ်စိတ်တို့က ငယ်ထိပ်အထိတက်သွားရ သည်။
"မင်း..."
"ဘာလဲ မမပန်း...လန့်နေပြီလား...သံသာတို့ မိသားစုကို ဖြိုခွဲဖို့ လုပ်နေတဲ့ မမပန်းအကြောင်းကို သံသာသိထားပြီးသား..."
"...."
ဤကဲ့သို့ အခြေအနေမျိုးကြုံရလိမ့်မည်ဟု ပန်း ဘယ်တုန်းကမှ မတွေးမိခဲ့ရိုးအမှန်ပါ...
"အခုတော့ ပြန်ပြောစရာစကား မရှိတော့ဘူးလား မမပန်း..."

အဆိပ်Where stories live. Discover now