Part (5)

827 92 4
                                    

Unicode

အခန်းထဲမှ ဒေါသတကြီးဆင်းလာကာ သံသာ ထမင်းစားခန်းထဲသို့ဝင်ပြီး ရေကိုပုလင်းလိုက် မော့သောက်လိုက်သည်။
"သံသာလေး ဘာဖြစ်တာလဲကွယ်"
သံသာပါးစပ်ကိုသုတ်လိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်ပြီး...
"ဘာမှမဖြစ်ပါဘူး ဒေါ်ဒေါ်သီ"
ဒေါ်သီ့အား ပြုံးပြနေသော်လည်း သံသာ့ရင်ထဲ၌ ပူလောင်နေပါသည်။မမပန်းနေရာမှာ တခြားလူသာ ဆိုလျှင် နေရာမှာတင် ပွဲချင်းပြီးနေလောက်ပြီ။မမပန်းမို့လို့သာ....မမပန်းဖြစ်နေလို့သာ သံသာ သည်းခံနိုင်တာပါ....ဟူးးး

"ဒေါ်ဒေါ်သီ...မမပန်းအတွက် နေ့လည်စာနဲ့ ညစာကို အခန်းထဲအချိန်မှန်ပို့ပေးပါနော်... ဆန်ပြုတ်ကို အရမ်းကြီးလည်း မပူစေဘဲ နွေးနွေးလေးနဲ့ စားလို့အဆင်ပြေမယ့် အနေအထားလေးဖြစ်အောင် ပြင်ဆင်ပေးပါ...သောက်ရမယ့်ဆေးတွေကိုလည်း သေချာသောက်ဖြစ်အောင် ဂရုစိုက်ပြီး စောင့်ကြည့်ပေးပါဦးနော်"
"အေးပါကွယ်...သံသာလေးပြောတဲ့အတိုင်း ဒေါ်သီလုပ်ပေးပါ့မယ် နောက်ကျနေဦးမယ် အလုပ်သွားပါတော့..."
"ဟုတ်...ဒယ်ဒီနဲ့လည်း တွေ့ရဦးမှာမို့ နောက်ကျလောက်ပေမယ့် သံသာတတ်နိုင်သမျှ အမြန်ဆုံးပြီးအောင် ကိစ္စတွေဖြတ်ခဲ့ပါ့မယ်"
"အေးပါကွယ်...ဂရုစိုက်သွားပါ"
"ဟုတ်...မမပန်းကို စိတ်ချမယ်နော်..."
"အေးပါကွယ်...စိတ်ချပါ..."

ဒေါ်ဒေါ်သီက သက်လတ်ပိုင်းအရွယ် အမျိုးသမီး
တစ်ယောက်ဖြစ်ပြီး ယခုလက်ရှိ သံသာ့အိမ်မှုကိစ္စ
တွေကို လုပ်ကိုင်ပေးနေတဲ့ သံသာယုံကြည်ရတဲ့လူပါ
သံသာ့အိမ်ဆိုတာက ယခုလက်ရှိ ဒယ်ဒီမသိအောင် ရတီ့အမည်ပေါက်နဲ့ ဝယ်ထားတဲ့ အိမ်ပါ...
သံသာကတော့ ဟိုကူးဒီကူးနဲ့ ဗျာများရပေမယ့်လည်း
မမပန်းကို ပိုင်ဆိုင်လိုချင်တဲ့ လောဘစိတ်လို့ပဲ ပြောရပေမလား...အင်း...လောဘစိတ်ကလေးပေါ့...အဲ့စိတ်ကလေးကြောင့်ပဲ ပင်ပန်းတယ်လို့ မခံစားရပါဘူး....

နွယ် ပန်းချီဆွဲနေရင်း ဖုန်းဝင်လာသဖြင့်...
"ဟဲလို"
"မင်္ဂလာပါ ခင်ဗျာ ကျနော့်ကို မှတ်မိသေးလား မသိဘူး ပုံတူပန်းချီဆွဲဖို့ ဟိုနေ့က ဖုန်းဆက်ထားတဲ့ တစ်ယောက်..."
နွယ် စက္ကန့်ပိုင်းလောက်စဥ်းစားလိုက်ရင်း...
"​သြော်..ဟုတ်ကဲ့...မှတ်မိပါတယ်ရှင့်...ဝေယံဆိုတဲ့ တစ်ယောက်မလား"

အဆိပ်Where stories live. Discover now