Part (1)

4.5K 156 0
                                    

Unicode

တေးသီချင်းသံပျံ့လွင့်နေသော ကော်ဖီဆိုင်လေး
အတွင်း၌ အတွဲများစွာ Date နေကြသည်။ထိုအတွဲများစွာအနက်မှ အတွဲမဟုတ်သော သာမန်ခင်မင်ရင်းနှီးရုံမျှ မိတ်ဆွေနှစ်ဦး တွေ့ဆုံနေကြလေသည်။

ထိုမိတ်ဆွေနှစ်ဦးအနက် တစ်ဦးမှာ အလွန်ချောမောလှပသော မိန်းမပျိုလေးဖြစ်ပြီး ကြက်သွေးရောင်  မြန်မာဝတ်စုံကို ဆင်မြန်းထားသည်။သူမ၏အလှမှာ ကျက်သရေရှိစွာ လှပခြင်းမျိုးဖြစ်ပြီး မြင်သူတိုင်းကို လည်ပြန်ငေးကြည့်စေလောက်အောင် လှသည်။ထိုအလှနတ်သမီး၏ နာမည်ကား ပန်းမြတ်သခင်။

သူမ၏အရှေ့၌ ထိုင်နေသော သူမ၏ မိတ်ဆွေကား သတ္တိစံ ဟူသည့် ယောက်ျားပျိုတစ်ဦးဖြစ်သည်။
နီညို​ရောင် Shirt လက်ရှည်နှင့် ပုဆိုးကို လိုက်ဖက်စွာဆင်မြန်းထားသည့် သူသည်
တည်ကြည်ခံ့ငြားသည့် ရုပ်ရည်သွင်ပြင်ရှိသော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည်။

အများအမြင်၌ နတ်ဖက်လှသည့် စုံတွဲဟုပင် ထင်မြင်ချင်စရာကောင်းလောက်အောင် ထိုစားပွဲ၌မျက်နှာချင်းဆိုင်ထိုင်နေသော သူတို့နှစ်ဦးမှာ လိုက်ဖက်လှသည်။

"သတ္တိ နင့်ဘက်ကအခြေအနေဘယ်လိုရှိလဲ"
ပန်းမြတ်သခင်က ပြုံးပြကာ စကားဆိုလိုက်သည်ကို သတ္တိစံက ပြန်လည် ပြုံးပြရင်း စိတ်ကျေနပ်အားရသည့် အသံဖြင့်ဖြေသည်။
"ဒီတစ်ခေါက် ရထားတဲ့ သဲလွန်စက ဆွဲထုတ်ရင် အကြီးကြီးမိမှာ သေချာတယ်"

"ငါနင့်ကိုယုံတယ် သတ္တိ။ ဒါပေမယ့် အခုထိ အဓိကလူကို မဖမ်းနိုင်သေးတာ ငါတို့  တော်တော်ကြိုးစားဖို့လိုသေးတယ် ဆိုတဲ့သဘောပဲ"
"ငါနားလည်ပါတယ် ပန်းမြတ်။ငါတို့ နှစ်ရှည်လများ ကြိုးစားနေတာပဲ။တစ်နေ့တော့ အမိဖမ်းပြီး အပြစ်ပေးနိုင်ရမှာပေါ့။မဟုတ်ဘူးလား"
သတ္တိစံ၏ စကားအဆုံး၌ ပန်းမြတ်သခင်၏ အပြုံးတို့က အသက်ဝင်လာပြီး မျက်လုံးအကြည့်
တို့မှာ စူးရှစွာတောက်ပနေလေသည်။

"ဒါဘာလုပ်နေတာလဲ"
ရုတ်တရက်ထွက်ပေါ်လာသည့် အသံပိုင်ရှင်မှာ ညှို့အားပြင်းလွန်းသည့် မျက်နှာပိုင်ရှင် လွှမ်းသံသာထွဋ်။ ဒူးအထက်စကပ်တိုနှင့် ရှပ်လက်ရှည်အဖြူကို တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်မှ နီလာရောင် coatကို ထပ်ဝတ်ထားကာ တန်ဖိုးကြီးသည့် ကျောက်မျက်ရတနာများကို
ဝတ်ဆင်ထားသည့် သူမမှာ ထက်မြက်သည့် လူချမ်းသာ မိန်းမပျိုတစ်ဦးအသွင် ပေါ်နေပါသည်။

အဆိပ်Where stories live. Discover now