#Unicode
"မင်းသာ ငါ့အပေါ် သစ္စာမဖောက်ခဲ့ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး... သဇင်"
ဤနေရာကား မည်းမှောင်နေသည်။ မည်သည့်နေရာဟူ၍ အတိအကျမသိနိုင်လောက်အောင် အမှောင်ထုက ကြီးစိုးထားသည်။"ငါ့မေတ္တာနဲ့ သစ္စာကို ချနင်းပြီး မင်းရွေးချယ်ခဲ့တဲ့လမ်းက မင်းကို ပျက်စီးစေမယ့်လမ်းဆိုတာ မင်းသိခဲ့သင့်တာ..."
"အခု မင်းရဲ့ သမီးက အရင်အတိုင်း ငါ့ကိုမုန်းနေတုန်းပဲ... ငါ့သမီးကို အသုံးချပြီး ငါ့ကိုလက်စားချေဖို့ ကြံရွယ်နေတုန်းပဲ... "
"ဒါပေမယ့် ငါ မတားပါဘူး... ဟား ဟား ဟား... သူရှာဖွေနေရင်းနဲ့ အဆုံးမှာ သူတွေ့ရှိလာမယ့် အမှန်တရားက သူ့အတွက် ခါးသက်နေမှာကို ငါကြိုသိနေလို့ပဲ..."
"အဲ့အချိန် မင်းရဲ့ သမီး ဘယ်လိုခံစားရမလဲဆိုတာကို ရှန်ပိန်လေးတစ်ခွက်နဲ့ အရသာခံကြည့်ချင်တယ် သဇင်...ဟား ဟား ဟား"
ရယ်သံအဆုံး၌ တရွေ့ရွေ့သွားနေသည့် ခြေသံများကို ကြားရပြီးနောက် တံခါးပိတ်သံကြမ်းကြမ်းထွက်ပေါ်လာလေသည်။
~~~~~~~~~
သံသာစိတ်ရှုပ်နေသည့်အချိန်တွင် မာမီ့ထံမှဖုန်းဝင်လာပြီး အရေးတကြီး ပြောစရာရှိသည်ဆိုသောကြောင့် အိမ်သို့အမြန်ပြန်ရသည်။
အိမ်ရောက်ရောက်ချင်း ဧည့်ခန်း၌ မြင်တွေ့လိုက်ရသည့် ဧည့်သည်အချို့ကြောင့် သံသာမျက်မှောင်ကြုံ့ လိုက်သည်။
"ရောက်ပြီလား သံသာ...ဒီမယ် ဧည့်သည်တွေ ရောက်နေတယ်"
သံသာ ဧည့်ဝတ်ကျေစေရန်အလို့ငှာ ပြုံးပြလိုက်ပြီး
"အကိုဘုန်း နဲ့ အန်တီ... မင်္ဂလာပါရှင့် "
သားအမိနှစ်ယောက်ကို နှုတ်ဆက်နေရင်း ပြုံးပြလိုက်ပြီးနောက် သံသာ့အကြည့်တို့က ဒယ်ဒီနှင့်မာမီဆီ ရောက်သွားရသည်။ဒယ်ဒီကတော့ သံသာ့ကို တစ်ချက်မျှသာကြည့်ပြီး မျက်နှာလွှဲသည်။ မာမီကတော့ သံသာ့ကို ပြုံးပြနေလေရဲ့...
"သားဘုန်းက သမီးနဲ့ စေ့စပ်မယ့်ကိစ္စ လာဆွေးနွေးတာ... အဲ့ဒါကြောင့် မာမီဖုန်းခေါ်လိုက်ရတာ"
"သမီးစေ့စပ်ရမှာ အကိုဘုန်းနဲ့လား မာမီ"
သံသာက အံ့သြစွာဖြင့် မေးနေသော်လည်း မာမီနှင့် ဒယ်ဒီက အပြုံးမပျက်။ အကိုဘုန်းထက်လျှံကို ကြည့်လိုက်တော့ သံသာ့ကို ပြုံးပြနေလေသည်။
ESTÁS LEYENDO
အဆိပ်