Part(11)

741 94 4
                                    

Unicode

ကားရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မမပန်း၏ နှုတ်ခမ်းပါးမှ ထွက်လာသည့်စကားကတော့...
"အိမ်အထိလိုက်ပို့ပေးလို့ ကျေးဇူး...သံသာ...
ကားသော့ပေးပြီး ပြန်တော့" ဟူသတဲ့။
သံသာ့အပေါ်ပြောဆိုသည့် မမပန်း၏လေသံကတော့ အရင်အတိုင်း အေးစက်စက်နှင့် ခပ်ပြတ်ပြတ်ပါပဲ...

"မမပန်းကို သံသာအပေါ်အထိပို့ပေးဦးမယ်လေ"
"မလိုဘူး"
"....."
"ဘာလို့ lock ချထားတာလဲ သံသာ"
သံသာ့ကို မျက်မှောင်ကြုံ့ကာ ပြောနေသည့် မမပန်းကို သံသာပြုံးပြလိုက်ရင်း...
"ခဏလောက်ပဲ ဒီမှာဆက်နေပေးပါလား မမပန်း"
"ဟင့်အင်း...နွယ်စောင့်နေတော့မယ်... ငါ့အမှုနိုင်လာတဲ့အကြောင်း ပြောပြရဦးမယ်.. သူသိပ်ဝမ်းသာမှာ..."
"လာပြန်ပြီ... ဒီမမနွယ်...မမပန်းက သံသာ့အပေါ် နည်းနည်းလေးတောင် စိတ်မဝင်စားဘူးလား"
မမပန်းက သံသာ့အမေးကြောင့် မျက်ခုံးတစ်ဖက်ကို
ပင့်လိုက်ကာ အလှဆုံးအောင်နိုင်သူအပြုံးဖြင့်...
"ဟင့်အင်း... မင်းရဲ့သိပ်လှတဲ့မျက်နှာကို လူတွေ
သဘောကျကြပေမယ့် ငါမင်းကိုမုန်းတယ် သံသာ... မင်းရဲ့ဂရုစိုက်ပေးမှုတွေကိုလည်း ငါရွံမုန်းတယ်... မင်းနဲ့အဝေးဆုံးမှာပဲ ငါနေချင်တာ"
မမပန်း၏ အေးစက်စက်ရင့်သီးသည့် စကားများက သံသာ့နှလုံးသားကို အစိတ်စိတ်အမွှာမွှာဖြစ်စေသည်။

"သံသာ့ကို ဘာလို့အဲ့လောက်တောင် မုန်းနေရတာလဲ မမပန်း"
"မင်းက ဦးလွှမ်းထွဋ်ရဲ့ သမီးဖြစ်နေလို့ပဲ"
"ဒယ်ဒီ့ကိုသံသာမေးပြီးပါပြီ... မမပန်းကအထင်လွဲနေတာပဲ ဖြစ်မှာပါ"
သံသာ့စကားအဆုံး၌ မမပန်းက မဲ့ပြုံးဖြင့်...
"အဟက်... မင်းရဲ့အဖေဆိုတော့ သူ့စကားကို
မင်းယုံတာမဆန်းပါဘူး"
"ဒါ...ဒါဆို ဘာလို့များ... ဘာလို့များ... သံသာ့ချစ်သူဖြစ်ဖို့ရွေးချယ်ခဲ့ရတာလဲ... "
"ရန်သူနဲ့အနီးဆုံးမှာနေမှဖြစ်မှာမို့ ရွေးချယ်ခဲ့တာ... တကယ်တော့ မင်းက အသုံးချခံသက်သက်ပဲ"
သံသာ့မျက်ဝန်းအိမ်၌ မျက်ရည်တို့က အတားအဆီးမရှိ ကျဆင်းလာလေသည်။
"ဒီလောက်အထိ ဘွင်းဘွင်းကြီးပြောရမှဖြစ်မှာလား မမပန်း...သံသာသိထားပေမယ့်...ဒါပေမယ့်လည်း..  နည်းနည်းလေး လောက်ပဲဖြစ်ဖြစ် 
သံသာ စိတ်ချမ်းသာအောင်  လိမ်ပြောပေးလို့ မရဘူးလား...အဟင့်"
"ဆောရီးပဲ... ငိုနေလည်းထူးမှာမဟုတ်ဘူး...  မင်းနေရာမှာ တခြားသူဆိုရင်တော့ ငါစဥ်းစားပေး
ဖြစ်မလားမသိပေမယ့် မင်းကိုတော့ လုံးဝပဲ"
"မမပန်း... ရက်စက်လိုက်တာနော်..."
"ကြိုက်သလိုပြောပါ... နောက်ပြီးတော့...
မင်း ငါ့ရဲ့ အသုံးချခံ မဖြစ်ချင်ရင် အခုကတည်းက ငါ့အနားကနေထွက်သွားလိုက်တော့ "
"ဘာလို့ဒီလောက်အထိ ပွင့်လင်းနေရတာလဲ မမပန်း"
"ငါလည်းမသိဘူး... ငါ့ကြောင့်နဲ့...မင်းကို.... ကျွတ်စ် ထားလိုက်ပါတော့...ဒါပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ် မင်းကိုသနားမိတာဖြစ်မယ်... "

အဆိပ်Where stories live. Discover now