Unicode
သံသာ့အိမ်မှအပြန်လမ်းတွင် သံသာနှင့်မမပန်း စကားမပြောကြပါ။
"ကုမ္ပဏီကိုလား boss"
တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ကြပဲ တိတ်ဆိတ်နေကြသည့် မိန်းမသားနှစ်ဦးတို့၏ အကြည့်များက ဒရိုင်ဘာမလေးထံသို့ ရောက်ရှိသွားသည်။
"ဟုတ်တယ် ""ငါ့ကို အရင် ပြန်ပို့ပေးဦး"
မမပန်း၏ နှုတ်ဖျားမှ စိတ်မပါတပါဖြင့် စကားတစ်ခွန်း ထွက်ကျလာသဖြင့် သံသာလည်း မမပန်းဘက်သို့လှည့်ကာ...
"ဟင့်အင်း ဒီတစ်နေ့လုံး ကုမ္ပဏီမှာ သံသာနဲ့အတူ ရှိနေရမယ်"
"ငါနားချင်နေပြီ မင်းနဲ့အတူရှိမနေပေးနိုင်ဘူး"
သံသာ့ကိုတစ်ချက်မှမကြည့်ပဲ အပြင်ကိုသာ ကြည့်နေသော မမပန်းက ခပ်ပြတ်ပြတ်စကားကို
ဆိုလိုက်သည်။"မမနွယ်နဲ့တော့ အတူရှိနေပေးနိုင်တယ် အဲ့လိုလား"
ထိုအခါမှ မမပန်းက သံသာ့ဘက်သို့လှည့်ကာ စိတ်အလိုမကျသောလေသံဖြင့်...
"မင်းစကားပြောရင် နွယ့်ကို ဆွဲမထည့်လို့ မရဘူးလား"
"အခုလို ဆွဲထည့်နေရတာ ဘယ်သူ့ကြောင့်လဲ"
"သြော်...ငါ့ကြောင့်လို့ပြောချင်နေတာလား..."
"ဟုတ်တယ်လေ...မမပန်းက အခု သံသာနဲ့အတူ
ရှိမနေပေးနိုင်ဘူးဆိုပြီး အိမ်ပြန်ချင်တယ်ပြောတာ မမနွယ်နဲ့အတူရှိချင်လို့မဟုတ်လား"
"ကျွတ်စ်...မင်းထင်ချင်သလိုသာထင်... ငါဂရုမစိုက်ဘူး...ငါအခုပြန်ချင်တာပဲ သိတယ်"
နောက်ဆုံးတော့လည်း သံသာကပင် စိတ်ကို
တစ်ထစ်လျှော့လိုက်ကာ မမပန်း၏ ဆန္ဒကို လိုက်လျောပေးလိုက်သည်။
"မမပန်းကို အရင်ပို့ပေးလိုက် ပြီးမှ ငါအလုပ်သွားမယ်"
"ဟုတ် boss"×××
"အကို့ကို အရေးကြီးပြောစရာရှိလို့ဆို"
ဂန္တဝင်တေးသံလေး ပျံ့လွင့်နေသော ကော်ဖီဆိုင်ထဲ၌
ထိုင်နေသည့် ကောင်လေးတစ်ယောက်ကို အလောတကြီးဝင်လာသည့် သတ္တိစံက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
"အရင်ထိုင်ပါဦး အကိုသိပ်ကြိုက်တဲ့ bubble tea မှာထားပေးတယ် သောက်လိုက်ပါ"
"ကျေးဇူး ညီ"
သတ္တိစံက အနည်းငယ်သောက်လိုက်ပြီးနောက် ထိုကောင်လေးကို ကြည့်လိုက်ကာ...
"အကို့ကို ဘာပြောမို့လဲ ညီ"
"အခုကစပြီး ညီပြောမယ့်စကားကို အလေးအနက် နားထောင်ပေးပါ "
"ဟုတ်ပါပြီ"
"ညီ အကို့ကိုချစ်တယ်"
"ဘယ်လို??? အကို နားကြားမှားတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး...ညီတကယ်ပြောနေတာ...အကို့ကို ညီချစ်တယ်"
သူ့အမကို သဘောကျ၍သာ fb၌fri ဖြစ်ထားသော ဤကောင်လေးနှင့် ညစဥ်ညတိုင်းစကားပြောခဲ့ရာ အကျိုးဆက်က ရည်းစားစကားအပြောခံရသည် တဲ့လား...
"ဆောရီးပါ ညီ...အကိုက မိန်းကလေးတွေကိုပဲ သဘောကျတာပါ"
"ညီ့ကို စဥ်းစားပေးလို့မရဘူးလား အကို... "
"အကို့မှာ သဘောကျရတဲ့ မိန်းကလေးရှိတယ် ညီ"
"ညီ သိပါတယ်...အကိုသဘောကျတဲ့ မိန်းကလေးက ညီ့အမဆိုတာကိုလည်း ညီသိတယ်"
"...."
"အံ့အားသင့်မနေပါနဲ့ အကို။ ချစ်မိနေတာကြာပါပြီ အကို့ကို စချစ်မိကတည်းက အကို့အကြောင်းတွေ တောက်လျှောက်စုံစမ်းလာခဲ့ပြီးသားပါ"
"ဒါပေမယ့် ညီ...ဒါကတော့ မဟုတ်သေးဘူးလေ"
"ညီ့ကို ပြန်မချစ်နိုင်ရင်လည်း ရပါတယ်...ညီက အရဲစွန့်ပြီး ဖွင့်ပြောကြည့်တာပါ...ညီ့အချစ်ကို လက်မခံနိုင်ရင်တောင် ညီ့ကိုတော့ မမုန်းလိုက်ပါနဲ့"
"မုန်းတာတော့ မမုန်းပါဘူး ညီ...ကိုယ့်ကိုချစ်တဲ့လူကို ကိုယ်မမုန်းပါဘူး...ဒါပေမယ့် အကိုငြင်းပါရစေ"
"အကိုငြင်းလိမ့်မယ်လို့ ညီထင်ခဲ့ပြီးသားပါ... အရင်လိုပဲ ဆက်ခင်လို့ရသေးတယ်မလား အကို"
"ရပါတယ် ညီ"
အသည်းကွဲသွားသော ကောင်လေးက သတ္တိစံအား ပြုံးပြလိုက်ပြီးနောက် ထိုင်ရာမှထကာ...
"ဒါဆိုလည်း ညီသွားတော့မယ်အကို... အကိုသိပ်ကြိုက်တဲ့ bubble tea လေးတော့ ကုန်အောင်သောက်ပြီးမှပြန်ပါ..."
YOU ARE READING
အဆိပ်