Part (16)

573 67 8
                                    

#Unicode

နွယ်ဖုန်းဆက်တိုင်း ပန်း ဖုန်းချပစ်သည်မှာ သုံးရက်တိတိ ရှိပြီဖြစ်သည်။ သံသာ့ကို ဖုန်းဆက်တော့လည်း ဖုန်းမကိုင်သည်မို့ နွယ့်မှာ စိုးရိမ်ပူပန်နေရသည်။ အလုပ်ခရီးထွက်နေရင်းတန်းလန်း အလုပ်မပြီးပဲ ပြန်လာလို့မဖြစ်သည့်မို့ နွယ် အလုပ်ပြီးမှသာ ပြန်လာဖြစ်တော့သည်။

အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် အပြုံးမပျက် TV ထိုင်ကြည့်နေသည့် ပန်းကို မြင်လိုက်ရသည်မို့ အထုပ်ကို ပစ်ချလိုက်ရင်း
"ပန်း"
"ဟား ဟား ဟား"
ခေါ်နေသည်ကို မကြားချင်ယောင်ဆောင်ကာ ဧည့်ခန်းရှိ ဆိုဖာပေါ်၌ အငြိမ့်သားထိုင်လျက် ရီနေသဖြင့် နွယ် စိတ်မရှည်တော့ပေ။

"ဟ ဘာလို့ TV ပိတ်လိုက်တာလဲ"
"ငါ ဘယ်လောက်တောင် စိတ်ပူနေလဲ သိရဲ့လား
နင်ဘာလို့ ဖုန်းမကိုင်တာလဲ ဘာလို့ဖုန်းချပစ်တာလဲ ဟမ်း ပြော ပြောလေ"
"ဒီအတိုင်းပဲ မကိုင်ချင်လို့"
စိတ်ရှုပ်နေသည့်ပုံစံဖြင့် ဖြေကာ တစ်ဖက်သို့ လှည့်သွားသည့် ပန်းကြောင့် နွယ့်မှာ အလွန်ဒေါသဖြစ်ရသည်။

"ဘာဖြစ်နေတာလဲ ဘာဖြစ်နေတာလဲ ပြောပါဦး "
"နင် ငါ့ကို အော်စရာမလိုဘူး နွယ်"
"အော်တာကို စိတ်ဆိုးတယ်ပေါ့ ငါဘယ်လောက် စိတ်ပူနေရလဲ ဆိုတာ နင်သိရဲ့လား ပန်း ဟမ်"
"ငါ မသိဘူး သိလည်းမသိချင်ဘူး "
နားနှစ်ဖက်ကို လက်ဖြင့် ပိတ်ကာ ခေါင်းကို ငုံ့ထားလိုက်သည့် ပန်း....

"ဘာကြောင့်လဲ ဖြေလေ ပန်းရဲ့ "
"...."
"ငါ့ကြောင့်လား ငါ အကိုဝေယံနဲ့ ချစ်သူဖြစ်မှာကို နင်သဘောမကျလို့လား"
ထိုအခါမှ ငုံ့ထားသည့် ခေါင်းအား မော့လိုက်ကာ မျက်ရည်များဖြင့်...
"ငါက ဘာလို့ သဘောမကျရမှာလဲ ဘာလို့လဲ"
စိတ်ဆိုးမာန်ဆိုးဖြင့် ရပ်ကြည့်နေသည့် နွယ့်ထံမှ မည့်သည့် စကားသံမျှ ထွက်မလာတော့ပဲ ပန်းကိုသာ စိုက်ကြည့်နေလေသည်။

"ဘာလဲ ဘာလို့ စိုက်ကြည့်နေတာလဲ "
နွယ် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ....
"ပန်း..."
"တော်ပြီ... ရပြီ မပြောနဲ့တော့ "
"ပန်း... မဟုတ်မှလွဲရော..."
"နင် သိနေတယ်မလား နွယ်... ငါမူးလာရင်....."
"ပန်း... နင်..."
"နင် ဘာလို့ ငါမေးတိုင်း အမှန်အတိုင်း မပြောပြခဲ့တာလဲဟာ ဘာလို့ ငါ့ကိုလိမ်ရတာလဲ နွယ်"
"ငါ... ငါ... "
"ဖြေလေ နွယ်ရဲ့"

အဆိပ်Where stories live. Discover now