Part (9)

819 84 2
                                    

Unicode

မမပန်းကို ပြန်ပို့ပြီးသည်နှင့် ဒယ်ဒီတို့ အခြေအနေ
ကိုသွားကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။သံသာ မွှေးထားသည့်မီးဆိုတော့လည်း သံသာကိုယ်တိုင် ငြှိမ်းသင့်သည်မဟုတ်ပါလား...

အိမ်သို့ရောက်ရောက်ချင်း ဒယ်ဒီ့အခန်းထဲသို့
ဝင်လိုက်ရာ ကုတင်ပေါ်တွင်လှဲနေသည့် မာမီ့ကိုသာ တွေ့ရလေသည်။
"မာမီ"
တိုးဖျော့သောအသံနှင့် မာမီ့ကိုခေါ်လိုက်တော့ မာမီက အားယူကာထထိုင်လိုက်ပြီး...
"သမီး ဒီနေ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို မာမီမယုံနိုင်သေးဘူး...မာမီ့ကို မဟုတ်ဘူးလို့ ပြောပေးပါ"
အားနည်းနေသည့်အပြင် သံသာ့ကြောင့် စိတ်ဆင်းရဲနေရသည့် မာမီ့ကိုကြည့်ပြီး သံသာမျက်ရည်မကျမိအောင် ထိန်းလိုက်ကာ..
"သံသာတောင်းပန်ပါတယ် မာမီ... သံသာ့ကို သဘာဝနဲ့ဆန့်ကျင်လို့ဆိုပြီး မုန်းမယ်ဆိုရင်လည်း မုန်းပါ။ သံသာပြောစရာစကားမရှိပါဘူး"

ညှိုးနွမ်းနေသောမျက်နှာငယ်လေးဖြင့် ကျမ၏အမေး ကိုပြန်ဖြေသော သမီးလေးအား ကျမမကြည့်ရက်ပါ။ ကျမတို့ စိတ်ထိခိုက်ရသလို သမီးလေးကိုယ်တိုင်
လည်း စိတ်ထိခိုက်နာကျင်နေရရှာမှာပါ...

သံသာ့အဖြေကြောင့် မာမီက သူ့မျက်ရည်များကို သုတ်လိုက်ကာ သံသာ့လက်နှစ်ဖက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ရင်း...
"သမီးလေးကို မာမီမမုန်းပါဘူးကွယ်... မာမီ့သမီးလေးကို မာမီသိပ်ချစ်ပါတယ်... ဒါပေမယ့် မာမီကတော့ သမီးရဲ့အချစ်ရေးကို ကန့်ကွက်ရလိမ့်မယ်"

သံသာထင်မှတ်ထားခဲ့သည့် အဖြေဖြစ်သည့်အတွက် သံသာအံ့သြခြင်းအလျင်းမရှိပါ...
မာမီ့ကို သံသာပြုံးပြလိုက်ရင်း...
"သံသာမာမီ့စိတ်ကို နားလည်ပေမယ့်လည်း မမပန်းကိုပဲ ရွေးချယ်မှာမို့ သံသာ့ကိုခွင့်လွှတ်ပါ မာမီ"
သံသာ့မျက်ရည်များကို ထိန်းချုပ်နိုင်စွမ်းမရှိတော့တာ
မို့ မာမီဆုပ်ကိုင်ထားသည့် လက်ကိုဖြုတ်လိုက်ကာ အခန်းထဲမှ အလျင်အမြန်ထွက်လာလိုက်သည်။

အခန်းပြင်ရောက်မှ သံသာ မျက်ရည်များကို သုတ်လိုက်ကာ ဒယ်ဒီ့စာဖတ်ခန်းရှိရာသို့ ခြေလှမ်းများကို လှမ်းလိုက်သည်။

အဆိပ်Where stories live. Discover now