Part (17)

653 74 12
                                    

#Unicode

မမပန်းနှင့် မမနွယ်တို့၏ လက်ရာ လက်ဖက်သုပ်နှင့် ကြက်ဥ​ကြော်ကို ထမင်းနှင့်တွဲကာ အားပါးတရ သုံးဆောင်နေသူကား သံသာ။
"ဖြည်းဖြည်းစားပါ သံသာရယ်... နင်နေပါဦးမယ်"
မမနွယ်က ဖြည်းဖြည်းစားဟုဆိုကာ ရေတစ်ခွက်ကို ကမ်းပေးလာသည်။ မမပန်းကတော့ သံသာ့ကို တစ်လှည့် မမနွယ်ကို တစ်လှည့်ကြည့်ကာ ထမင်းကို ဖြည်းဖြည်းချင်း စားနေလေရဲ့။

" သံသာ ဗိုက်တော်တော်ဆာ​နေတာလား"
မမပန်းက သံသာ့ကို စိုက်ကြည့်ရင်း မေးခွန်းမေးလိုက်ခြင်းဖြစ်သည်။
"ဟုတ် မနက်ကတည်းက ဘာမှ မစားရသေးဘူး"
"သြော်... "
သြော် ဟုဆိုကာ မျက်နှာကို တစ်ဖက်သို့ လှည့်သွားသော်လည်း ယခင်ကထက်စာလျှင် မမပန်းက သံသာ့အပေါ် အနည်းငယ် နွေးထွေးလာသယောင် ခံစားမိသည်။

"အား..."
"ဟင်... သံသာ့ပါးစပ်မှာ.. သွေးတွေ... "
သံသာ အစားကို အလျင်အမြန်ဝါးနေရင်း အမှတ်တမဲ့ မိမိနှုတ်ခမ်းကို ပြန်ကိုက်မိခြင်းဖြစ်သည်။ မကျက်တကျက်အနာအပေါ် ထပ်၍ကိုက်မိသောကြောင့် သံသာ့နှုတ်ခမ်း၌ သွေးများထွက်လာခြင်းဖြစ်သည်။
"မမနွယ်ပြောသားပဲ ဖြည်းဖြည်းစားပါဆို အခုတော်တော်နာသွားလားဟင်"
မမနွယ် တရစပ်ပြောနေပုံမှာ သံသာ့ကို စိတ်ပူနေမှန်း​
သိသာသည်။
မမပန်းကတော့ သံသာ့ကို စိုးရိမ်သည့်မျက်ဝန်းနှင့် ကြည့်ကာ အနာကို တစ်သျှူးဖြင့် ဖိသုတ်ပေးနေလေသည်။

"ဟဲ့ ပန်း နင်ကြည့်ပါဦး နင်ကိုက်ထားတဲ့နေရာကနေ သွေးတွေထွက်နေတာနော်... သံသာ့မျက်နှာလှလှလေးကိုကြည့်ပါဦး အခုတော့...."

မမနွယ်၏ စိုးရိမ်ပူပန်နေသည့် စကားအဆုံး၌
သံသာ့ကို ကြည့်နေသည့် မမပန်း၏ အကြည့်တို့က  ရုတ်ချည်းပင် ပြောင်းလဲသွားသည်။ စိုးရိမ်စိတ်ပြည့်နှက်နေသည့် ကရုဏာမျက်ဝန်းမှ အေးစက်စက်
မကျေမနပ်ဖြစ်သွားသည့်အကြည့်မျိုး။ ထိုအကြည့်ကို သံသာကြောက်သည်။

သုတ်လက်စ တစ်သျှူးစကို လက်မှ လွှတ်ချလိုက်ပြီး သံသာ့ခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အနာကို လက်မဖြင့် ရည်ရွယ်ချက်ရှိရှိ အားသုံးကာ ဖိလိုက်သဖြင့် သံသာ့မှာ ထိတ်လန့်နာကျင်သွားရသည်။
"အား..."
"ပန်း နင်ဘာလုပ်နေတာလဲ လက်ဖယ်လိုက်လေ"
မမနွယ်က အတင်းဆွဲနေသော်လည်း မမပန်းက သံသာ့ကို ဒေါသမီးတောက်နေသည့် မျက်ဝန်းဖြင့်ကြည့်ရင်း အလွတ်မပေးသေးပါ။
"တော်တော့ ပန်း... နင်လွန်နေပြီနော်"

အဆိပ်Where stories live. Discover now