Part (4)

847 89 4
                                    

Unicode

ပန်းခြံထဲ၌ နွယ်နှင့်အတူ ထိုင်ကာစကားပြောနေရင်း
နွယ့်အနားသို့ ယောက်ျားလေးတစ်ယောက် ရောက်လာလေသည်။ဤလူကို မြင်ဖူးပေမယ့် မမှတ်မိ။နွယ်က ထိုလူကိုမြင်တော့ ပန်းကိုတောင် ဂရုမစိုက်ပဲ ထိုယောက်ျားကိုသာပြုံးပြပြီး လက်ဆွဲကာ ထွက်သွားလေသည်.....
"နွယ်.....နွယ်....မသွားပါနဲ့.....နွယ်.......နွယ်....."

အိပ်မက်မက်ကာ မမနွယ်၏နာမည်ကို ယောင်ယမ်း
တမ်းတနေသည့် မမပန်း၏နဖူးထက်၌ ချွေးများရွှဲနစ်
နေလေသည်။သံသာက ပုဝါစဖြင့် ချွေးများကို
သုတ်ပေးနေချိန်၌ မမပန်းက နွယ်ဟု အကျယ်ကြီး
အော်ကာ လန့်နိုးလာလေသည်။

"အိပ်မက်ဆိုးမက်လို့လား မမပန်း..."
သံသာ့ကိုမြင်တော့မှ အိပ်မက်မှန်းသိလိုက်ရသည်။ တော်ပါသေးသည်။နွယ်နဲ့ ဝေးရပြီထင်နေတာ...
"လက်ဖယ်...ငါ့ကို ဂရုစိုက်နေစရာမလိုဘူး..."
ပန်းအားချွေးသုတ်ပေးနေသည့် သံသာ့လက်ကို ဖယ်လိုက်ကာ ခက်ထန်ထန်စကားတစ်ခွန်းကို ဆိုလိုက်သည်။

"သံသာ့ဂရုစိုက်မှုလေးက မမနွယ်ဂရုစိုက်ပေးတာ လောက် တန်ဖိုးမရှိဘူးလား မမပန်း..."
"တော်ပါတော့...တော်လောက်ပြီ... "
မျက်ရည်များဖြင့် ကမ္ဘာပျက်နေသည့် မမပန်းကို ကြည့်ပြီး သံသာ ဝမ်းနည်းရပါသည်။
"သံသာ မမပန်းကို နာကျင်စေမိတဲ့အတွက် တောင်းပန်ပါတယ်။သံသာ့အချစ်တွေကိုတော့ ယုံကြည်ပေးပါ..."
"တော်စမ်းပါ...ဦးလွှမ်းထွဋ်ရဲ့ သွေးအပြည့်ပါတဲ့မင်း
ကိုမယုံဘူး....."
"ဒယ်ဒီနဲ့ ဘာရန်ငြှိုးတွေရှိခဲ့လို့လဲ မမပန်း..."
"သိချင်ရင် မင်းအဖေကို တိုက်ရိုက်သွားမေးကြည့်
ပေါ့..."
မမပန်း၏ မျက်နှာကို သံသာစိုက်ကြည့်နေချိန်၌ မမပန်းက ကုတင်ပေါ်မှဆင်းကာ ယိုင်နဲ့နေသောခြေလှမ်းဖြင့်....
"သန့်စင်ခန်းက ဘယ်မှာလဲ..."
"လာ မမ သံသာတွဲပေးမယ်..."
မမပန်း၏လက်ကို ကိုင်လိုက်တော့ မမပန်းက သံသာ့လက်ကို ပုတ်ချကာ...
"မလိုဘူး...ငါ့ဘာငါသွားမယ်"
ယိုင်နဲ့နေသော ခြေလှမ်း သုံးလှမ်းလောက်
လှမ်းအပြီးတွင် ကြမ်းပြင်ပေါ်သို့ မမပန်း လဲကျသွားသည်။
"မမပန်း...ထပါဦး...မမပန်း..."
နဖူးကိုစမ်း​ကြည့်လိုက်တော့ ကိုယ်ခြစ်ခြစ်တောက်ပူ
နေသည်မို့ သံသာခေါင်းနပန်းကြီးသွားရသည်။ ဟုတ်ပေသားပဲ....မနေ့ကတည်းက ညနေစာမစားရသေးသောမမပန်း...တစ်ညလုံး မျက်ရည်မျက်ခွက်နှင့် အိပ်မက်ဆိုးမက်ကာ ယောင်နေသည့် မမပန်း....

အဆိပ်Where stories live. Discover now