Part (22)

921 77 42
                                    

#Unicode

နွယ့်ကို လက်ထပ်ခွင့်တောင်းနေသည့် ဝေယံကတော့ ခဏအကြာမျှ ငြိမ်သက်နေလေသည်။ မျက်စိရှေ့မှ နွယ် ပျောက်ကွယ်သွားသည့်တိုင်အောင် ဝေယံကတော့ အဖြစ်အပျက်ကို နားမလည်နိုင်သေးပါ။

"မင်းကို လူပုံအလယ်မှာ အရှက်ရစေခဲ့တဲ့ အမျိုးသမီးက မြထည်ဝါနွယ်တဲ့လား"
အိမ်ကိုမည်ကဲ့သို့ ပြန်လည်ရောက်ရှိနေမိသည်ကို သတိမထားလိုက်ခင်မှာပဲ ဒယ်ဒီ့အသံကြောင့် ဝေယံ အသိစိတ်တို့ ဝင်လာသည်။
"ဒယ်ဒီက အကုန်သိနေတာပဲ"
"ငါ့သားသမီး သုံးယောက်စလုံး ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ ငါသိထားပြီးသားပဲ"

ဝေယံ မျက်ရည်များပြည့်နေသည့် မျက်ဝန်းတို့ဖြင့်
ဒယ်ဒီ့ကို ကြည့်နေစဥ်
"ငါ့သား မင်းမငိုရဘူးကွ... မိန်းမတစ်ယောက်အတွက်နဲ့ ဘယ်တော့မှ မငိုနဲ့ .."

"ကျနော်ကတော့ ငိုမှာပဲ.. အသည်းကွဲရင် ငိုရတယ်"
"ပျော့ညံ့လိုက်တာ... မင်းငိုတော့ရော ဘာထူးလာမှာလဲ.. သူ့ကို မုန်းပစ်လိုက်ရမှာ"

မျက်ရည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်ရင်း ဦးလွှမ်းထွဋ်ကို အတန်ကြာစိုက်ကြည့်ပြီးနောက်
"ကျနော်က ဒါကို ရအောင် ဖြေရှင်းမှာ... သူ့ဆီက စကားတွေကို သေချာနားထောင်ပြီး အဖြေရှာဦးမှာ
ဘယ်တော့မှ ဒယ်ဒီ့လမ်းစဥ်ကို မလိုက်ဘူး"

စိတ်ထဲရှိသမျှစကားတွေ ပွင့်အံထွက်လာသည့် ဝေယံံ့ကို ကြည့်ကာ ဦးလွှမ်းထွဋ် တစ်ယောက် သက်ပြင်းချနေလေသည်။
သားသမီးသုံးယောက်အနက် သားကြီးဖြစ်သည့်
ဝေယံက သူ့စကားကို မြေဝယ်မကျ နားထောင်သော်လည်း ယခုတွင်မူ မိန်းမတစ်ယောက်အတွက်နှင့် ဖအေကို ခံပြောနေသဖြင့် ဦးလွှမ်းထွဋ် အနည်းငယ် စိတ်ကျဥ်းကျပ်မိသည်။

ထိုအချိန်တွင် အိမ်ရှေ့ဧည့်ခန်းထဲသို့ ဝင်လာသည့် သံသာနှင့် ဇာနည်တို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မျက်ရိပ်မျက်ခြေပြနေကြသည်။
အိမ်၌ ပြဿနာတစ်ခုခုရှိနေမည်ကို သူတို့နှစ်ယောက်လုံး အတပ်ရိပ်မိနေပါပြီ။

ထို့ကြောင့် သံသာက ဇာနည့်ကို အပေါ်ထပ်သို့ မေးငေါ့ပြလိုက်သည်။ 'ငြိမ်ငြိမ်လေးအပေါ်ထပ်တက်သွားတော့' ဟူသည့်သဘော။

အဆိပ်Where stories live. Discover now