#Unicode
သိမ်းယူခံလိုက်ရသည့် နှုတ်ခမ်းတစ်စုံမှာ ယခင်ကကဲ့သို့ ငြိမ်သက်မနေပဲ တုန့်ပြန်အနမ်းများကို ပေးလျက်ရှိသည်။ သံသာက ရုတ်တရက် သူမ၏ နှုတ်ခမ်းကို ခွာလိုက်ကာ ပန်းကို အံ့အားသင့်စွာ အကဲခတ်ကြည့်နေလေသည်။
သံသာ့အကြည့်များကို ရင်ဆိုင်ရသည်နှင့် တစ်ပြိုင်နက် ပန်းက အေးစက်စက်အကြည့်တို့ဖြင့် သံသာ့ကို ပြန်လည်၍ စိုက်ကြည့်နေလေသည်။
"မမပန်းကို သံသာဖြင့် နားမလည်နိုင်တော့ဘူး"
"ငါ့ကို နားလည်ဖို့မကြိုးစားပါနဲ့..."
"ဒါပေမယ့်... သံသာသိချင်တယ် ခုဏက အနမ်းက ဘာသဘောလဲ"ပန်းက သံသာ့ကို ပြုံးပြလိုက်ပြီးနောက်
"ငါ မင်းဆီက လိုချင်တာရှိနေလို့လေ..."
"အဟက်... ဒါဆို သံသာ့ကို သဘောကျလို့ မဟုတ်ဘူးပေါ့... သံသာတစ်ယောက်တည်း အထင်လွဲနေမိတာပေါ့... ဟုတ်လား"
နာကျင်နေပုံရမည့် နှလုံးသားငယ်တစ်ခုကို ဥပေက္ခာပြုကာ သူမ မျက်နှာလွှဲလိုက်သည်။
"ဟုတ်တယ်..."ပန်း၏ အဖြေကြောင့် သံသာ့မှာ ဆောက်တည်ရာမရဖြစ်လျက်ရှိသည်။
"ဒါဆို မမပန်း သဘောကျနေတဲ့အမျိုးသမီးက ဘယ်သူလဲ..ပြော"
"မင်းနဲ့မဆိုင်ပါဘူး..."
"ဟား...မဖြေဘူးပေါ့ ဟုတ်လား.. "သံသာ့အမေးကို မဖြေပဲ တစ်ဖက်သို့ မျက်နှာလွှဲနေသည့် ပန်း၏မျက်နှာကို လက်ဖြင့် ဆွဲလှည့်လိုက်သည်။ ထို့နောက်..
"ဒီမယ်... မမပန်း... မဖြေချင်ရင်လည်းရတယ်... လိုချင်တာကို အနမ်းနဲ့ရှင်းကြေးဆိုရင်လည်း ကောင်းတာပေါ့... ဟားဟား... သံသာ့အကြိုက်ပဲ... "
ခနဲ့တဲ့တဲ့ဖြင့် စကားဆိုနေသည့် သံသာ့ကိုကြည့်ရင်း အင်အားဆုတ်ယုတ်ချင်လာသည်မို့ သူမ၏မျက်နှာကို တစ်ဖက်သို့လှည့်နိုင်ရန် ကြိုးစားနေလေသည်။ သို့သော်လည်း သံသာက အလွတ်မပေးပဲ သူမ၏မျက်နှာကိုဆွဲကိုင်လျက် အနီးကပ်စိုက်ကြည့်နေလေသည်။"မင်း... "
"ရှူး...တိုးတိုး...သံသာပြောမယ်... နားထောင်... အခုကစပြီး သံသာကျေနပ်တဲ့အထိ မမပန်းကို နမ်းမယ်...သံသာစိတ်တိုင်းမကျမချင်း ရပ်ခွင့်မရှိဘူး... သံသာ့ဘက်က ကျေနပ်ပြီဆိုမှ ရပ်မယ်... ပြီးတော့မှ မမပန်းလိုချင်တာကို တောင်းဆိုပေါ့...မကောင်းဘူးလား"
"ယုတ်မာလိုက်တာ..."
သံသာက တဟားဟားရယ်ရင်း...
"လိုချင်တာရှိလို့ဆိုတဲ့စကား ဘယ်သူအရင်ပြောတာလဲ... ဟင်... ဖြေပါဦး မမပန်းရဲ့"
မျက်ခုံးနှစ်ဖက်ကို တွန့်ကွေးနေအောင် မျက်မှောင်ကြုံ့လိုက်သည့် ပန်းက သံသာ့ကို အေးစက်စက်ကြည့်နေဆဲပင်။
![](https://img.wattpad.com/cover/232468945-288-k294764.jpg)
YOU ARE READING
အဆိပ်