Unicode
မုန်းသည်ဟူသော စကားအဆုံး၌ မမပန်းက သံသာ့ရင်ခွင်ထဲမှ ရုန်းထွက်လေသည်။ သံသာလည်း မမပန်းအား အတင်းအကြပ်ဆွဲမထားတော့ပါ။
"ဗိုက်မဆာဘူးလား မမပန်း သံသာတို့ တစ်ခုခုသွားစားရအောင်"
"ဟင့်အင်း မင်း ပြန်တော့"
"ကျွတ်စ်... ဘာလို့တစ်ချိန်လုံး သံသာ့ကို နှင်ထုတ်နေရတာလဲ မမပန်း"
"အဖြေကို မင်းသိပြီးသားပဲလေ မေးစရာလိုသေးလို့လား"မမပန်း၏ စကားတို့ကြောင့် သံသာ့စိတ်ထဲ စိတ်ပျက်ဝမ်းနည်းမှုနှင့်အတူ ဒေါသတို့က ရောယှက်လာလေသည်။
"သံသာ သည်းမခံနိုင်တော့ဘူး... မမပန်း သံသာ့ကို အသုံးချဖို့ ရွေးချယ်ခဲ့ပြီးပြီမလား... သံသာလည်း မမပန်းရဲ့ အသုံးချခံဖို့ ရွေးချယ်ခဲ့ပြီးပြီပဲ"
"ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ငါတို့က အယောင်ဆောင်ချစ်သူတွေပဲ... တကယ့်ချစ်သူတွေလိုမဖြစ်နိုင်တာ မင်းနားလည်ထားသင့်တယ် သံသာ"
မမပန်း၏ ဝိုင်းစက်နေသည့် မျက်ဝန်းများအား သံသာတည့်တည့်စိုက်ကြည့်လိုက်ကာ...
"သံသာက လိုချင်တာကိုရအောင်ယူတတ်တဲ့ မိန်းမမျိုးထဲမှာပါတယ်... မမပန်းက သံသာ့အပိုင်ပဲဖြစ်ရမယ်""ဘာကြောင့်လဲ... ဘာကြောင့်ငါဖြစ်နေရတာလဲ?... ဒီလောကကြီးမှာ ငါ့ထက်ချောလှတဲ့မိန်းမတွေ အများကြီးရှိပါတယ်... "
သံသာ့အတွက်တော့ မမပန်းထက်ချောလှတဲ့ မိန်းကလေးမရှိနိုင်တော့ပါဘူး။ ဘာကြောင့်များ ချစ်ရသူက မမြင်နိုင်ပါလိမ့်?
သံသာ မမပန်း၏ လက်တစ်ဖက်ကိုဆွဲကိုင်လိုက်ပြီး သံသာ့ ဘယ်ဘက်ရင်အုံနား ဖိကပ်ပေးလိုက်သည်။
"သံသာ့နှလုံးခုန်သံကိုစမ်းမိလား မမပန်း... "ပန်း၏လက်ကိုကိုင်ကာ သူ့နှလုံးခုန်သံအား စမ်းကြည့်ခိုင်းနေသည့် သံသာ့စကားကို ပန်း ဥပေက္ခာပြုလိုက်သည်။
"ဟင့်အင်း... လက်လွှတ်လိုက်တော့... သိလည်းမသိချင်ဘူး"မမပန်းအား သံသာအလျင်အမြန်ပင် ရင်ခွင်ထဲ
ဆွဲသွင်းလိုက်ကာ မိမိ၏နှလုံးခုန်သံအား နားထောင်စေလိုက်သည်။ ဂျစ်ကန်ကန်မမပန်းက သံသာ့ရင်ခွင်ထဲမှရုန်းထွက်ရန် ကြိုးစားနေသော် လည်း သံသာကတင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။
"သံသာ့နှလုံးခုန်သံမြန်နေတာ ကြားရဲ့လား... မမပန်းနဲ့အတူရှိတိုင်း သံသာ့ရင်ခုန်နှုန်းတွေက အဆမတန်မြန်လာတယ်"
YOU ARE READING
အဆိပ်