Unicode
"ဒယ်ဒီ "
"ပြောစရာရှိလို့လား သမီး"
"ဟုတ်"
စာဖတ်ခန်းထဲ၌ စာထိုင်ဖတ်နေသော ဖေဖေ့အား သံသာ သတ္တိမွေးကာ စကားပြောရန်ပြင်လိုက်သည်။
"ပြော သမီး"
"ကိုကိုနဲ့ မမပန်းတို့ စေ့စပ်မယ့်ကိစ္စကို ဖျက်သိမ်းပေးပါလား ဒယ်ဒီ"
"ဘာဖြစ်လို့လဲ သမီး"
"မမပန်းနဲ့ကိုကိုနဲ့က တစ်ယောက်နဲ့တစ်ယောက်
ချစ်ကြတာမှမဟုတ်တာကို ဒယ်ဒီသိရဲ့သားနဲ့"
"ပန်းမြတ်သခင်က သားကြီးနဲ့သင့်တော်တဲ့ မိန်းမကောင်းတစ်ယောက်လေ။သမီးအကိုတောင် ဒယ်ဒီ့ဆုံးဖြတ်ချက်ကို ဘာမှမပြောဘူး။သမီးလည်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ဝင်မပါရင်ကောင်းမယ်"သံသာနဲ့မဆိုင်ဘူးတဲ့လား ဒယ်ဒီ။သံသာသိပ်ချစ်ရတဲ့ မမပန်းကို ဘယ်ယောက်ျားလေးရဲ့ ရင်ခွင်ထဲမှာမှမမြင်ချင်ဘူး။
"ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စကို ဝင်ပါသလိုဖြစ်သွားရင် စိတ်မကောင်းပါဘူး ဒယ်ဒီ။ဒါပေမယ့် ဒယ်ဒီတစ်ခု သိထားရမှာက အချစ်မပါတဲ့ အိမ်ထောင်ရေးက မတည်မြဲဘူး"
သံသာပြောချင်ရာပြောပြီး ထွက်လာခဲ့လိုက်သည်။ ဒယ်ဒီကတော့ အတွေးများစွာနှင့် စိတ်ရှုပ်နေလောက်မည်။
× × ×မနက်စာစားချိန်၌ ဒယ်ဒီ့မျက်နှာမကောင်း။ညက သံသာပြောခဲ့သည့်စကားများကြောင့်ပဲလား ဆိုတာကိုတော့ သံသာမသိ။
"သားကြီး ဝေယံ "
"ဗျာ"
"မင်းဒီအပတ်ထဲမှာ ပန်းမြတ်သခင်နဲ့ အမြန်ဆုံး စေ့စပ်ရမယ်"
"ဟုတ်"
ကိုကို့ပုံစံက အံ့အားသင့်သွားဟန်ရှိသော်လည်း ဟုတ် တစ်လုံးတည်းသာ ဒယ်ဒီ့အားပြန်ဖြေသည်။ကိုကိုက ဒယ်ဒီ့ကိုအလွန်ကြောက်သည်။
သံသာကတော့ ထမင်းစားချင်စိတ်မရှိတော့သဖြင့် ဇွန်းကိုချလိုက်ကာ ရေတစ်ခွက်လုံးကုန်အောင် သောက်ပစ်လိုက်သည်။
"သံသာ ဘာလို့မစားတော့တာလဲ သမီး နေမကောင်းဘူးလား"
"မဟုတ်ပါဘူး မာမီ သံသာ စားချင်စိတ်
မရှိတော့လို့ပါ"
မာမီကတောင် မေးဖော်ရသေးသည်။ဒယ်ဒီကတော့ သံသာ့အားတစ်ချက်သာ ကြည့်ပြီး ထမင်းဆက်စား
နေလိုက်သည်။ဒယ်ဒီ အရမ်းသွေးအေးသည်။
× × ×
"ကိုကိုတောင်းပန်ပါတယ် သံသာ။ဒယ်ဒီ့ကို ကိုကိုမလွန်ဆန်နိုင်ခဲ့ဘူး။ပန်းမြတ်ကို ညီမလေးဆီက လုယူသလိုဖြစ်သွားရင် ကိုကိုတကယ် တောင်းပန်ပါတယ်"
ကိုကိုက စိတ်နှလုံးနူးညံ့သည့် လူကြောက်ကြီးပီပီ သံသာ့အား တောင်းပန်နေသည်။ သံသာကတော့ ကိုကို့အား တစ်ချက်ပြုံးပြလိုက်ကာ တည်ငြိမ်အေးဆေးသော လေသံဖြင့် စကားဆိုလိုက်သည်။
"တောင်းပန်စရာမလိုပါဘူး ကိုကို။သံသာက မမပန်းကို ဘယ်သူ့လက်ထဲမှ အပါခံမှာမဟုတ်လို့"
ကိုကိုက သံသာ့စကားအား လုံးဝအံ့သြဟန်မပေါ်ပေ။သံသာ့အကြောင်း ကိုကိုသိပြီးသားပေ...
× × ×
YOU ARE READING
အဆိပ်