#Unicode
အခန်းထဲမှအထွက် တံခါးဝတွင် ရပ်စောင့်နေသော မမပန်းကို တွေ့လိုက်ရသောကြောင့် သံသာပြုံးလိုက်သည်။ ထို့နောက် မမပန်း၏ မျက်ဝန်းများကို အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ အကြည့်လွှဲသွားသည့် မမပန်းအား ပခုံးကိုကိုင်လျက် တဖန် မျက်ဝန်းများကို စိုက်ကြည့်နေစေပြန်သည်။
"မင်း.. ဘာလုပ်နေတာလဲ"
"အကြည့်မလွှဲသွားနဲ့နော်..."
အကြည့်မလွှဲသွားနဲ့ဟုပြောကာမှ မတည်ငြိမ်သော မျက်ဝန်းအိမ်များက ရွေ့လျားနေလေတော့သည်။
"ဟော... အကြည့်မလွှဲပါနဲ့ဆိုတာကို... စကားနားမထောင်ဘူး"
"မကြည့်နဲ့... ဘာလုပ်နေတာလဲ...သွား... ပြန်တော့"
အတင်းတွန်းထုတ်နေသည့်လက်ကလေးများကို ဆုပ်ကိုင်လိုက်ရင်း သံသာ့ရင်ဘတ်ပေါ်သို့ ကပ်ပေးလိုက်တော့ ချက်ချင်းပင် မမပန်း၏ မျက်ဝန်းအိမ်များမှာ တည်ငြိမ်မှုမရှိတော့ပဲ ရင်ခုန်စိတ်လှုပ်ရှားနေသည့်အသွင်ကို မနည်းထိန်းယူနေရဟန်တူသည်။
"နှလုံးခုန်သံကိုစမ်းမိလား"
"ဘာတွေလာမေးနေတာလဲ...မသိဘူး...သွား..."
"မငြင်းနဲ့... သံသာ့ကို ချစ်မိပြီမဟုတ်လား..."
ချက်ချင်းပင် တစ်ဖက်သို့လှည့်သွားသည့် မမပန်းကို ရင်ခွင်ထဲသို့ထည့်ထားလိုက်သည်။ အတင်းရုန်းကန်နေသော အမျိုးသမီးမှာ ခဏအကြာတော့ ငြိမ်သက်သွားရင်း ရှိုက်သံသဲ့သဲ့ထွက်ပေါ်လာတော့သည်။"မမပန်းကို သံသာငိုအောင်လုပ်မိပြီလား.."
ပန်းကမူ မည်သည့်အဖြေမှ ပြန်မပေးပဲ မျက်ရည်များသာကျနေလေသည်။
"ဘာလို့ဝန်မခံချင်ရတာလဲ သံသာ့ကိုချစ်တယ်မလားဟင်"
"မချစ်ဘူး...ငါမင်းကိုမချစ်ဘူး... ချစ်မိလို့လည်းမဖြစ်ဘူး...အဟင့်ဟင့်"
"မချစ်ဘူးဆို ဘာလို့ငိုတာလဲ... သံသာ့ကိုမလိမ်ပါနဲ့တော့... သံသာ့ကိုချစ်နေပြီမလားဟင်"
ရှိုက်သံသဲ့သဲ့လေးမှာ ခဏအကြာရပ်သွားပြီးနောက် ခေါင်းကလေးမော့ကာ ကြည့်လာသည့် မမပန်းကို ကြည့်ရင်း အနမ်းတစ်ပွင့်ပေးလိုက်သည်။မမပန်းက ရုန်းကန်မှုမရှိ ငြင်းဆန်မှုမရှိပဲ အနမ်းများကို ပြန်လည်တုန့်ပြန်လာသည်မို့ အတန်ကြာအောင် အနမ်းမိုးများရွာသွန်းနေမိသည်။
ခဏအကြာတွင်မှ မမပန်းက အသိစိတ်ဝင်လာဟန်ဖြင့် သံသာ့ကိုတွန်းထုတ်လေတော့သည်။
"သွား.."
အားနှင့်တွန်းထုတ်လိုက်သည်မို့ သံသာလည်း နောက်ပြန်လဲကျသွားရာ ပြန်ထရန်အားယူလိုက်သည်။
"အား... အရိုးကျိုးတော့မှာပဲ မမပန်းရယ်.."
"နာသွားလား သံသာ...ထ..ထ..ဆောရီးပါကွယ်"
ကမ်းပေးလာသည့် မမပန်း၏လက်ကို ဆွဲလိုက်ရင်း သံသာ့အပေါ်သို့လဲကျစေကာ သံသာ့ခန္ဓာကိုယ်ဖြင့် တစ်ဖန်ပြန်အုပ်မိုးလိုက်တော့သည်။ အကြည့်ချင်းဆုံသွားသည့် အခိုက်အတန့်တွင် မမပန်း၏ ရင်ခုန်သံများကို အတိုင်းသားကြားနေရပါသည်။
YOU ARE READING
အဆိပ်