Episode 1

45.9K 1K 21
                                    


နံရံတွေကအဖြူ အိပ်ရာခင်းတွေကအဖြူ
လူတွေကလည်း အဖြူ အရာရာအဖြူ
ဒီကြားထဲဆေးနံ့ကလှိုင်ခနဲ ဆူလည်းဆူညံတယ် ကလေးမျောက်များစွာဆီကလေ

ဟုတ်တယ် မျောက် စာလုံးပေါင်းမှားနေတာမဟုတ်ဘူး ဒီနေရာကတော့ ဆေးရုံပေါ့
ကလေးအထူးကုဆေးရုံတဲ့ အရမ်းလည်း
မကြီးပါဘူး သာမန်လူလတ်တန်းစားတွေ
အတွက်နေရာဆိုတော့ တော်သင့်ရုံပေါ့

ဆေးရုံဆိုတာကျနော့်တွက်တော့ ပျင်းရိဖွယ်ကောင်းတဲ့အဖြူရောင် ဆိုတာထက်မပိုဘူး
ဒါဆိုဘာလို့ရောက်နေတာလဲလို့မေးရင်
အကြွေးတောင်းဖို့လေ မှန်တယ် မင်းဖတ်တာ
ငါ့ရဲ့ပိုက်ဆံတွေယူပြီးထွက်ပြေးနေတဲ့သူဆီ
က အကြွေးရအောင်တောင်းဖို့

" သခင်လေး ကောင်းပါ့မလား "

" ဒါဆေးရုံနော် "

စိတ်ပျက်စရာနောက်လိုက်နှစ်ယောက်ဖြစ်တဲ့ ဇော် နဲ့ သီဟ ကြောင့်ထိန်းထားတဲ့ ဒေါသက
ဖောင်းခနဲ ထွက်ပြီးတစ်ချက်စီပိတ်ကန်ပစ်လိုက်တယ်

" ဒါဘယ်ကောင်တွေသောက်သုံးမကျလို့ငါကိုယ်တိုင်လိုက်လာရတာလဲ "

" ကလေးကခွဲစိတ်နေရတယ်ဆိုလို့ "

" ပိတ်ထားစမ်း အပေါက်တွေ "

" ဟုတ်ကဲ့သခင်လေး "

ကျေနပ်အောင်ပြောဆိုပြီးမှ ရှာနေခဲ့ရတဲ့
အခန်းနံပါတ် 13ကိုခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်တယ် နူးညံ့မှုတွေကကိုယ်နဲ့မှမဆိုင်ဘဲ

ဟက်

" သ သခင်လေး.... "

" မတွေ့တာတော်တော်လေးကြာပါပေါ့လား
ဒေါ်မေထိပ်တင် နှစ်နှစ်တောင်ရှိပြီဗျာ "

" ကျမ ကျမ "

" ခင်ဗျားသားလား ဒီ ကတုံးက "

အထိတ်တလန့်နဲ့အမျိုးသမီးက သူ့သားကိုတင်းတင်းကြပ်ကြပ်ပွေ့ပိုက်ထားပြန်တယ်
ဒီကဘာပြောရသေးလို့လဲ

" ပြန်ဆပ်မယ် ပြန်ဆပ်မယ်လို့ ငါ့သားကိုမထိပါနဲ့ "

" သောက်ကျိုးနဲ သူခိုးကလူပြန်ဟစ် ခင်ဗျားကိုကောင်းကောင်းပြောလို့သာရခဲ့ရင် ကျုပ်ကိုယ်တိုင်ဒီစုတ်ပြတ်နေတဲ့ဆေးရုံထဲ ရောက်လာစရာလား "

မလွန်ဆန်ဝံ့သူWhere stories live. Discover now