Episode 8❤

14.1K 447 14
                                    


" မင်္ဂလာပါရှင် J မှကြိုဆိုပါတယ် "

ကျယ်ဝန်းပြီးအသေးစိတ်လက်ရာဒီဇိုင်း
တွေနဲ့ အပြည့်တည်ဆောက်ထားတဲ့ရတနာ
ဆိုင်တစ်ဆိုင်ကို ချစ်ရသူကခေါ်ဆောင်လာ
တယ် အစကတော့သာမန် ရတနာဆိုင်
တွေလိုပဲထင်ခဲ့ပေမဲ့ တကယ်တမ်းရောက်
လာရတဲ့နေရာက သိပ်ကိုထည်ဝါလွန်းတယ်

" ဒေါက်တာရှင့် သီးသန့်ခန်းမ(1) ကိုကြွပါ "

" ကောင်းပြီ "

ရွေး စိတ်ထဲသိချင်စိတ်ကပြင်းပျလွန်းပေမဲ့
ဘာမှတော့ထုတ်မမေးရဲသေး သူ့အတွက်
ဘာတွေများကြိုမှာထားပါလိမ့်ပေါ့ စိန်ပွင့်
ကြီးပါတဲ့လက်စွပ်လား ဒါမှမဟုတ်ဟန်းချိန်း
Foot chain မဟုတ်မှလွဲရောနားကပ်များ
လား အရည်သွေးအကောင်းဆုံးစိန်နဲ့လေ

" ကျနော်တို့Partyပွဲသွားတာ လက်ဝတ်
လက်စားလိုသေးရဲ့လား လိုရင်လည်းကြို
ပြောမှပေါ့ ကျနော့်မှာအစုံရှိပါတယ် "

" မင်းမှာမရှိဘူး နောက်ပြီးဒီနေ့အတွက်အလို
အပ်ဆုံးအရာဆိုလည်းဟုတ်တယ် မင်းအန္တရာယ်ကင်းဖို့ဆိုရင် "

အ​ဆောင်လက်ဖွဲ့များလား ရွှေနဲ့ချည်ကြိုးနဲ့ပြီးတော့ စိန်ပါတဲ့အဆောင် ဘာပွဲမို့လို့ပါလိမ့်

" ဒေါက်တာမှာထားတဲ့အတိုင်းဆောင်ရွက်
ပေးထားပါတယ် စမ်းကြည့်ပါ ကျမတို့
အပြင်မှာစောင့်နေပါ့တယ် "

နက်ပြောင်တောက်ပနေတဲ့ လေးထောင့်ကတ္တီပါဘူးလေးကို လက်အိတ်အ​​ဖြူ​ရောင်ဝတ်ထားတဲ့ မိန်းမလှလေးနှစ်ဦးကသယ်
ဆောင်လာတယ်

" ကိုယ့်နားလာ "

" ဟုတ် "

ဘူးကိုဖွင့်လိုက်တာနဲ့ ဆွဲကြိုးလိုလိုလည်ပတ်လိုလိုပစ္စည်းက ထင်းခနဲပေါ်လာတယ် ဘာလုပ်ဖို့လဲ သူထင်တဲ့ထဲကနဲ့တူညီတဲ့တစ်ချက်
ကတော့ စိန်ပွင့်လေးတွေပါနေတာ အရွယ်စားကတော့ အနေတော်လေး ကျစ်လစ်ပြီး
ပေါ့ပါးသယောင်

လည်တိုင်ပေါ်ကျော့ရှင်းစွာရောက်လာတဲ့
လည်ပတ်ကို ချစ်ရသူကသေချာစစ်ဆေး
ပေးနေပြန်တယ် အနေတော်သက်တောင့်
သက်သာရတဲ့ပုံပေါ်တော့မှ ကျေနပ်စွာပြုံး
ပြပြီး ​ပြီး​ပြည့်စုံသွားတဲ့လည်တိုင်လှလှလေး
ကို ငုံ့ကာနမ်းရှိုက်တယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now