Episode 11

10.2K 441 18
                                    


အပန်းဖြေစခန်းက ပြန်လာရာလမ်းတစ်လျှောက် ဆရာဝန်ကြီးခမျာအလုပ်
တွေ ရှုပ်နေရတယ် အကြောင်းကဘေး
မှာ တစောင်းလေးအိပ်ပြီးလိုက်လာတဲ့
ကောင်လေးက နေမကောင်းဖြစ်နေပြီ
လေ နေပူထဲ ရေအကြာကြီး ဆော့ခဲ့တာ
ရော ရေနစ်တဲ့ထိဖြစ်သွားတာရောအပြင်

အဓိကအချက်က တော်တော်လေးရိုက်ခံ
ထိထားတာမို့ အနာရှိန်ကြောင့်လည်းပါ
လိမ့်မယ်ထင်....

" ရွေး ရေလေးထပ်သောက်ဦး "

အပူကျအောင် ဂျယ်လီအေးအေးလေးတွေ
ကပ်လိုက်လဲပေးလိုက် ကားမောင်းရင်း
လက်တစ်ဖက်က ရေတိုက်လိုက် နဖူးစမ်း
ကြည့်လိုက်နဲ့ မနည်းသတိထားနေရတယ်

" ရွေး အိမ်ပို့ပေးရမလား ကိုယ့်ဆီလိုက်နေမလား ဘယ်သွားချင်လဲ "

" ကိုကိုက ဘယ်အိမ်မှာနေရင် အတူရှိပေးမှာလဲ "

" ဘယ်မှာပဲဖြစ်ဖြစ် ရွေး နေချင်တဲ့နေရာမှာ
ကိုယ်အတူရှိနေပေးမှာပေါ့ "

" ဟုတ် ဒါဆို ရွေးအိမ် "

ကားကိုအရှိန်ထပ်တင်လိုက်ပြီး အသွားတုန်း
ကထက် အ​ပြန်ခရီးက မြန်မြန်ပြန်ရောက်တယ် အိမ်မှာကျမှ သေချာပြုစုလို့ရမှာဖြစ်ပြီး ရွေး သက်သက်သာသာနားလို့ရမှာ
.

.

တီ တီ!

" သခင်လေးဘာဖြစ်လို့လဲ ဟင် ဆရာ "

" အသွားတုန်းအလန်းကြီးပါ "

ပျော့ခွေပြီး အဖျားရှိန်ကြောင့်မှေးနေတဲ့
ရွေး ပုံစံကြောင့် ဇော်နဲ့ သီဟက ငိုတော့မလို
လို ဒီလောက်အားနည်းနေတဲ့ သခင်လေးပုံ
ကိုမမြင်ဖူးသေးတာမို့ ပိုစိတ်မ​ကောင်း​ဖြစ်မိ
တယ်လေ ဒီတော့ အတင်းပြေးပြီး သူတို့သခင်လေးကိုမချီ မလို့ဟန်ပြင်လိုက်တုန်း

" အယ် "

ဒါပေမဲ့လည်း သက်ဆိုင်သူကြီးက ဆင်းပြီး
တာနဲ့ သူတို့သခင်လေးကို စွေ့ခနဲ့ပွေးချီပြီးလို့
နေပြီ ဘယ်သူ့အကူညီမှတောင်မလိုလိုက်ဘဲ
နဲ့ ...သူတို့ပြောသမျှကိုလည်း လစ်လျူရှုပြီး
အိမ်ထဲခပ်တည်တည်ဝင်သွားသေးတယ်

" ဆရာ အန်တီဝါ ဆေးတွေအသင့်ပြင်ထားပြီးပါပြီ မှာတဲ့အတိုင်းလည်း လုပ်ပေးထားပါ
တယ် ဘာထပ်ခိုင်းစရာရှိသေးလဲရှင့် "

မလွန်ဆန်ဝံ့သူWhere stories live. Discover now