Episode 36

7.9K 391 126
                                    


အိမ်ထဲမှာနေရတဲ့နေ့ရက်တွေကြာလေ
ရွေး စိတ်တွေမွန်းကြပ်လို့လာလေပဲ အလုပ်ကိစ္စတွေလည်း လုပ်လို့ကုန်တော့
ဘာလုပ်ရမှန်းမသိ ညနေဘက်ရောက်မှ
ကားမှကားဖြစ်နေတဲ့ သမီးကို ကားသေး
သေးလေးပေါ်တင်ပြီး remote controlနဲ့မောင်းပေးနေလိုက်တယ် ရွေး အနားမှာ သမီးကလွဲတခြားဘယ်သူမှ ရှိမနေနိုင်တာပဲလေ

ကိုကိုလား ကိုကိုကဒီရက်ပိုင်း အိမ်ပြန်မလာ
သလောက်ကို ဘာတွေအလုပ်ရှုပ်နေမှန်းမသိ
အော်ငေါက်ဖို့တောင်အချိန်မရှိရှာဘဲ ရွေး ကိုပစ်ထားပြန်တယ်

" သခင်လေး အိမ်ထဲဝင်ရအောင်နော်
သမီးလည်းအိမ်အပြင်ထွက်နေတာကြာပြီ
ဆရာသိရင် ဆူခံရလိမ့်မယ် "

" ရပ်ကွက်တစ်ပတ်လောက် သမီးကိုတင်ပြီးကားမောင်းချင်လို့ ရမလား အန်တီဝါ "

" ဆရာကခြံထဲတောင် ဒီနေ့မှပေးဆင်းတာ
လေ သခင်လေးရယ် နေလို့လည်း သိပ်မကောင်းသေးဘူးမဟုတ်ဘူးမလား "

" အဲ့ဒါပိတ်လှောင်ခံရလို့ဖြစ်တာ အရင်က
ကျနော်ဘာရောဂါဖြစ်တာများ မြင်ဖူးလို့လဲ"

" ကျမမှာ ဘာအခွင့်အာဏာများရှိလို့လဲ
သခင်လေးရယ် နောက်မှ ဆရာနဲ့ ဖြည်းဖြည်းချင်းညှိယူကြည့်ပါ "

" သိပါပြီ သမီးကိုအရင်​ခေါ်သွားပေးပါ ကားသိမ်းပြီးလာခဲ့ပါ့မယ် "

"သခင်လေးကလိမ္မာလိုက်တာ ဒါဆိုကျမညနေစာ ပြင်ထားလိုက်မယ် လိုက်လာခဲ့
နော် "

"ဟုတ်"

အန်တီဝါသမီးကိုချီသွားတော့မှ သမီးကားသေးလေးကို ဘေးကဂိုထောင်မှာ နေရာ
တကျပြန်သိမ်းပေးပြီး ရွေးကားရှိရာအပြေးလေးသွားကြည့်မိတယ် သမီးကားစီးရတာ
ကြိုက်သလို ရွေးကလည်း ကားမောင်းရတာ
အပျော်ရွှင်ဆုံးပဲမို့လေ

ဂိုထောင်တံခါးပွင့်သွားတာနဲ့ ရွေးအကြိုက်ဆုံး ပြိုင်ကားလေးကိုတွေ့လိုက်ရတယ်

ဒါပေမဲ့ သစ်လွင်တောက်ပနေရမဲ့ ကားနီလေးက အခုတော့ ဖုန်အထပ်ထပ်တက်နေတဲ့ပြိုင်ကားလေးဖြစ်လို့နေပြီ ကားမမောင်းရတာဘယ်လောက်ကြာသွားလဲဆိုတာ အခြေနေမှန်ကအခုမှပိုပေါ်လွင်လာတယ် လွတ်လပ်ခွင့် ပျော်ပါးခွင့် အရာအားလုံးနဲ့ အချစ်ကိုလဲခဲ့မိတာအကောင်းလားအဆိုးလား

မလွန်ဆန်ဝံ့သူWhere stories live. Discover now