Episode 6

11.7K 469 10
                                    

အိပ်ရာပေါ်မှာ ခြေကားရား လက်ကားရား
နဲ့ အိပ်မောကျနေတဲ့ ရွေး တော်တော်နဲ့
နိုးမလာခဲ့ မနက်7နာရီဆိုထနေကျသူက
ရှစ်နာရီလည်း မနိုး ကိုးနာရီလည်းမထ
နေ့လယ် ထမင်းစားချိန်နီးမှသာနိုးထ
လာတော့တယ် အရက်ရဲ့အစွမ်းတွေပေါ့

" ရေ ရေသောက်ချင်တယ် "

နိုးခါစဆိုတော့ လည်ချောင်းကခြောက် အသံကလည်းသိပ်မထွက်တာကြောင့် ရေအေး
အေးလေးတစ်ခွက်လောက် သောက်ချင်လာ
တယ်

ကံကောင်းစွာနဲ့.....

ကုတင်ဘေးနားမှာအသင့်ချပေးထားတဲ့
ပျားသံပရာရည်ခွက်လေးကို ​တွေ့တော့
အငမ်းမရ သောက်လိုက်ရတာများ ရေငတ်နေတုန်းရေတွင်းထဲပြုတ်ကျသွားသလိုပဲ
အေးမြသွားတယ်

" ဟင်..."

အသိတရားသတိတရားလေးပြန်ကပ်လာ
တော့မှ အခု ရွေးရောက်နေတာဘယ်နေရာ
များလဲ ခြုံထားတဲ့စောင်ကသူ့စောင်မှ
မဟုတ်တာ မွေ့ရာလည်းမတူ အခန်းကရော

" အားးးးး "

အထိတ်တလန့်နဲ့အသည်းသန်ခုန်ထွက်လိုက်
ပြီး အခန်းကိုသေချာပတ်ကြည့်စူးစမ်းရင်း
စိုးရိမ်စိတ်က တရိပ်ရိပ်တက်လာပါတယ်
အခန်းကအကျယ်ကြီး အိပ်ဖို့ကုတင်နဲ့ ဗီဒို
တစ်လုံးကလွဲရင်ဘာမှရှိမ​နေ တံခါးဆွဲဖွင့်
ကြည့်ပြန်တော့လည်း ထင်တဲ့အတိုင်းအပြင်
ကပိတ်ထားသေးတယ်

" ငါ.......ငါ... ပြန်ပေးဆွဲခံရပြီ!!!!"

.

.

" ဘာတွေအော်နေပြန်ပြီလဲ "

ပြတင်းပေါက်မှန်တံခါးကနေခုန်ချဖို့ပြင်
နေတုန်း.......

" ဟင်...... ဘယ်လိုလုပ်ပြီး ခင်ဗျားဖြစ်နေ
တာလဲ ကျနော်ကပြန်ပေးဆွဲခံရ....."

" ပေါက်ကရတွေမပြောနဲ့ "

လူကဝမ်းသာအားရပြောလိုက်ကာမှ စကား
မဆုံးခင် ဟောက်ခံလိုက်ရတယ် သူကပြန်ပေးသမားထက်ဆိုးသေး ရည်းစားကခန့်ချောကြီးပေမဲ့ အပေါက်ဆိုးတယ်

" ဆယ်မိနစ်အချိန်ပေးမယ် မျက်နှာသစ်
သွားတိုက်ဖို့အတွက် အချိန်ပြည့်လို့မှမပြီး
ရင် ရေချိုးခန်းထဲမှာ တစ်နေကုန်ပိတ်ထား
ခံရမယ် သွားလို့ရပြီ "

မလွန်ဆန်ဝံ့သူWhere stories live. Discover now