Episode 16

9.4K 399 66
                                    

စာမေးပွဲနီးပြီမို့ ကျောင်းသားအများစုက
အိမ်မှာပဲစာလုပ်ကြပေမဲ့ ရွေးနဲ့ခန့် နှစ်ယောက်ကတော့ lectureခန်းထဲလာပြီး
စာကျက်ကြတယ် အဲ့ဒါထက်စားလိုက်သောက်လိုက် စကားများလိုက်ဆိုပိုမှန်လိမ့်မယ်

" ထည့်စားလေကွာ မင်းအတွက်ဟင်းပိုထည့်လာတာကို "

" ငါမှမကြိုက်တာ မင်းဟင်းတွေက
အရသာမရှိဘူး ပေါရွှတ်ရွှတ်နဲ့ နောက်မထည့်
ခဲ့နဲ့တော့ "

" MSGသုံးခွင့်မရှိလို့ပါကွာ ငါတို့အိမ်က "

" ဘာလဲအဲ့ဒါ "

" Monosodiumglutamate "

" မိုနိုဆို.. အဲ့ဒါကဘာမို့လို့လဲ ငါ့အိမ်မှာလည်း
မသုံးပါဘူး အဲ့လောက်ရှည်တဲ့နာမည် "

" အချိုမှုန့်ကိုပြောတာ "

" အာ ရှုပ်လိုက်တာ canteenကကြာဆံကြော်နဲ့တုန်ယမ်းဟင်းချိုမှာလိုက်မယ် ငါ့ချိုင့်ထဲက
အရွက်ရောမင်းရဲ့ငါးဟင်းရော မစားနိုင်ဘူး "

ရွေး ကတော့မှာထားတဲ့ အစားအစာတွေနဲ့
ခံတွင်းတွေ့နေပြီ ပါလာတဲ့ထမင်းနဲ့ဟင်းကို
ထိတောင်မထိ လိမ္မာတဲ့ကတုံးလေးကသာ ဘာဟင်းပဲပါလာပါလာ ချေးမများဘဲအကုန်စားလေ့ရှိတယ် တစ်ခါလေကျတော့လည်း
အပြင်စာလေးမြည်းစမ်းကြည့်တော့ ဘာဖြစ်သွားမှာမို့........

" ခန့် ယူစားလေနှစ်ပွဲမှာလိုက်တာ မင်းလည်း
စားလို့ရအောင် "

" ငါအဲ့ဟာတွေစားလို့မဖြစ်ဘူး ကိုကြီးသိရင်
အပြစ်ပေးလိမ့်မယ် ပြီးတော့ချိုင့်ထဲထည့်
ပေးလိုက်ရင် ကုန်အောင်စားရတယ် မဟုတ်ရင် ဆူလို့ပြီးမှာမဟုတ်ဘူး "

" တစ်ခါတလေပဲဟာ ကိုကိုဆိုလည်းဝယ်မစားခိုင်းပါဘူး ငါ့ဟာငါစားတာ ဘယ်သူသိတာမှတ်လို့ ပါလာတဲ့ဟာတွေ သွန်ပစ်လိုက်ရုံပဲ အဲ့ဒါမှ ဒေါ်ဝါလည်းပြန်မတိုင်နိုင်တာ "

" ဆီမသန့်ရင်ငါကလည်ချောင်းနာလို့ ကိုကြီးက အပြင်ကအကြော်လှော်တွေပေးမစားတာ
ပါကွာ ပြီးတော့ ကိုကြီးမအားတဲ့ကြားက
ထချက်ပေးတဲ့ထမင်းဟင်းတွေ မသွန်ရက်ပါ
ဘူး "

" မင်းကိုလည်းငါဘယ်လို ကယ်တင်ရမှန်း
မသိတော့ဘူး အေးအဲ့လိုပဲ နေသွားလိုက် ကတုံးကောင် "

မလွန်ဆန်ဝံ့သူWhere stories live. Discover now