Episode 18

8.1K 368 69
                                    


ဘာလိုလိုနဲ့ စာမေးပွဲပြီးလို့ အောင်စာရင်း
ထွက်ဖို့အချိန်နီးကပ်လို့လာပြီ ရွေးလည်း
ကျောင်းစာရူးမတတ်ကျက်စရာမလိုတော့
ဘဲ စီးပွားရေးဘက်ပြန်အားစိုက်နေရတယ်

ပစ်ထားတာကြာတဲ့ ငွေချေးလုပ်ငန်း KTV
ဆိုင်တွေ clubတွေ တိုက်ခန်းအရောင်းဝယ်
ကိစ္စတွေကိုရှုပ်လို့ ကျောင်းတက်နေရတဲ့
လေးလနှစ်ဖြတ်လုံးက ချစ်သူရဲ့တင်းကျပ်
မှုအောက် ငြိမ်ဝပ်ပိပြားစွာ စာလုပ်ခဲ့ရပြီးပြီ

ဒီကြားထဲ အဖေလုပ်သူကပါ မတော်ရသေးတဲ့ သမက်ဘက်က ပါနေလေတော့ ကျောင်း
ပြီးမှ အလုပ်ကိစ္စတွေပြန်ဦးစီးခိုင်းမယ်ဆိုပြီး
အမိန့်ထုတ်ခဲ့တယ်

" သခင်လေး ဒါကမြေကွက်ကျယ်ကြီး စျေးကောင်းရနေတာ ရောင်းလိုက်သင့်ပြီ "

" ဒါတော့မရဘူး ငါလုပ်စရာရှိလို့ "

" အပြိုင်ဆိုင်စျေးကောင်းပေးဝယ်နေတဲ့ဟာ
တခြားမြေတွေမှာသခင်လေးကိစ္စလုပ်လို့
မရဘူးလား "

" မရဘူး ဇော်နဲ့သီဟ မင်းတို့ကိုခိုင်းစရာရှိတယ်အခုသွားလုပ်ပေး "

" ဟုတ်ကဲ့ ပြောပါသခင်လေး "

" အောင်စာရင်းကြည့်ပေးပါလား ဒီညနေကပ်မယ်ပြောတယ် ခန့်ခန့်က "

" ဗျာ အောင်စာရင်းကဘာလုပ်ဖို့လဲ သခင်လေးတွက်မှမလိုအပ်တာ "

ဖောင်း!

စိတ်ကမြန်သလို လက်ကလည်းမြန်တာမို့
ပိုနီးတဲ့ ဇော်ကြီးခေါင်းကမူးခနဲပဲ

" ဘာလို့မလိုရမှာလဲ ငါသေလောက်အောင်
ပင်ပန်းခံလုပ်ထားရတာ အောင်ဖို့လိုတယ်
အသုံးမကျတဲ့ကောင်တွေရဲ့ "

" ဟုတ် ဟုတ်ကဲ့ သခင်လေး အခုသွားကြည့်
ပေးမယ်နော် "

>>>>ringtone>>>>>

" အင်းပြောခန့် "

" ခြံရှေ့မှာလား အေး ငါထွက်လာပြီ ခဏလေး"

ဖုန်းဝင်လာတာနဲ့ ရင်တွေတုန်ပြီးကိုင်လိုက်တယ် အောင်စာရင်းကိစ္စဆိုတာသေချာနေ
ပြီ တစ်ပတ်လုံးခန့်ခန့်ခမျာလည်း ဘုရား
ပြေးဖူးလိုက် ရွေး မိတ်ဆက်ပေးတဲ့ဗေဒင်ဆရာဆီသွားပြီးယတျာချေလိုက် ဆရာလည်းဖြစ်ချစ်သူလည်းဖြစ်တဲ့ ဆလိုင်းမြတ်မှူးကို ထိုင်ကန်တော့လိုက် သူ့အလုပ်တွေချည်း

မလွန်ဆန်ဝံ့သူWhere stories live. Discover now