Episode 22

8.4K 383 51
                                    

ကားပေါ်မှာစူပုတ်ပြီးပါလာတဲ့ ကလေးလေး
တစ်ယောက်ရှိတယ်

သူသင်္ကြန်လေးရက်လုံး နေ့တိုင်းကဲချင်ပါတယ်ဆိုပြီးအော်လာတာ အလှူလုပ်မဲ့နေရာရောက်လာတဲ့အထိ

မြန်မာဝတ်စုံပုဆိုးတွေဘာတွေနဲ့မို့ တစ်မျိုးလေးကြည့်ကောင်းပြန်တယ် ဒါတွေအတင်းဝတ်ပေးခဲ့လို့လည်း စိတ်ကောက်နေတာ
ပါတယ် ခါးကပုဆိုးကလည်းမမြဲတာမို့ ကိုယ်တိုင်ပြန်ဝတ်ပေးပြီး ခါးပတ်ပတ်ပေးထားလိုက်ရတယ် မဟုတ်ရင်အိမ်ထဲမှာတင် ဆယ်ခါလောက်ဝတ်ပေးခဲ့ရတာ

" ဘာလို့ခေါ်လာတာလဲ ကိုယ့်ဘာသာဒီနေ့
အပီကဲဖို့လုပ်ထားတာ နေပူပူကြီးထဲမနေချင်ပါဘူးဆိုခေါ်လာတယ်

" အလှူအတန်းဆိုတာ လုပ်ရတယ်လေ
ကုသိုလ်ရတာပေါ့ "

" ကိုကိုလှူရင်ပြီးပြီကို ဘာလို့ကျနော့်ပါအတင်းလုပ်ခိုင်းရတာလဲ "

" ကိုယ်တစ်ယောက်ထဲလှူရင် နောက်ဘဝကျ
ရွေး နဲ့ထပ်မတွေ့ရင်ဘယ်လိုလုပ်မလဲ အတူတူဒါနကုသိုလ်တွေလုပ်မှ ရေစက်ပါပြီး
နောက်ဘဝတွေမှာ ပြန်တွေ့ကြမှာ "

" အဲ့လိုလား ဒါပေမဲ့ကိုကိုရယ် သူတို့ကဆင်းရဲနေကြတာ ဒီနေ့တရက်ကျွေးမွေးတော့ရော ဘာထူးမှာ နောက်နေ့ဘယ်သူလာကျွေးမလဲ "

" တစ်ရက်လေးပျော်ပျော်ရွှင်ရွှင်စားသောက်
ရလည်း ပျော်ရွှင်ရတာပဲလေ သူတို့ခမျာ
နေ့စဥ်အကြာကြီးရုန်းကန်ကြရရင်း ဒါမျိုး
အလှူလေးတွေ့တော့ တစ်ရက်လောက်
ပင်ပန်းသက်သာရတာပေါ့ "

" ဖေဖေအလှူလုပ်တုန်းကဆို ငွေတော်တော်အကုန်ခံပြီးလုပ်တာ ပြီးတော့လေသိလား ပန်းကန်တွေဇွန်းတွေပါ သယ်သွားကြလို့ ပန်းကန်အငှားဌာနကို အများကြီးလျော်ပေးလိုက်ရတယ် သူတို့ကအကျင့်မကောင်းဘူးကိုကိုရဲ့ ကိုကိုကလူဆိုးတွေအကြောင်းမှ
မသိတာ "

" ကဲပါဟုတ်ပါပြီ လူလက်တစ်ဆုပ်စာလောက်အကျင့်မကောင်းရုံနဲ့ ကိုယ်တို့ရဲ့
သဒ္ဓါစိတ်တွေ အဆုံးရှုံးခံလိုက်စရာမလိုဘူး
မဟုတ်လား ကောင်းတာလုပ်ဖို့ မကောင်းတဲ့လူတွေမရှိတော့တဲ့အထိ စောင့်နေစရာမှမလို
အပ်တာ "

မလွန်ဆန်ဝံ့သူDove le storie prendono vita. Scoprilo ora