" ကိုလေး ကိုလေး "
" ယုယ အစ်ကိုအလုပ်ကိစ္စပြောနေတယ်
လေ "" အာ ဧည့်သည်ရှိမှန်းမသိလို့ပါ ညီမထိုင်စောင့်နေပါ့မယ် ကိုလေးပြီးတဲ့အထိ "
"ကိုယ်လည်းပြီးနေပါပြီ ကဲ ဒီလောက်ပါပဲ ကျန်တာ နောက်မှထပ်ဆွေးနွေးတာပေါ့ "
"ကောင်းပါပြီ သေချာလေးစဥ်းစားပေးပါဗျာ"
ဧည့်သည်ထွက်သွားတော့မှ သက်တင်စာရွက်စာတမ်းတွေ သိမ်းဆည်းပြီး တပ်ထားတဲ့ မျက်မှန်ကိုချွတ်လိုက်တယ် ကြည့်ရတာ
ပင်ပန်းနေသလိုပါပဲ"ကဲ ပြော ယုယ ဘာကိစ္စလဲ"
" ကိုလေး ရွေးလေး ပြန်ရောက်နေတာသိလား မနေ့ကပြန်လာတယ်တဲ့ သူဌေးမင်းပြောပုံအရတော့ အလုပ်ကိစ္စပြီးမှပြန်မယ်ပြောတယ် ဒီတော့လေ ကလေးကိုချော့ပြီး....."
"ရွေးကစိတ်ဆိုးနေတာမဟုတ်ဘူး ယုယ"
"ဘာပဲဖြစ်ဖြစ်
ကိုလေးသာ တားရင်ကလေးကပြန်မှာမဟုတ်ဘူး သွားတွေ့လိုက်ပါနော်""မလိုတာမပြောနဲ့ ကိုယ့်ဘာသာကြည့်လုပ်လိုက်မယ် ယုယကကိုယ့်ကျန်းမာရေးသာ
ပိုဂရုစိုက်ပါ""တကယ်ပဲ ဒီလိုနေသွားကြမလို့လား"
"ကိုယ်ကြည့်လုပ်မယ်လို့ပြောနေတယ်လေ"
"ဒါဆို ADဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်သားရဲ့ညစာစားပွဲတော့တက်ပေး သူတို့က
ကိုလေးကိုသေချာ လာဖို့ဖိတ်ထားတယ်""ဟုတ်ပြီ ဒါပဲမလား သမီးကိုမူကြို ကြိုရဦးမယ် "
..
.
.
ခမ်းနားလှပပြီးပျော်ရွှင်မြူးကြွတဲ့ တေးသံ
စဥ်တွေကြားကညတစ်ညမှာ ပွဲလာသူတွေအားလုံးပျော်ရွှင်နေကြတယ် မင်္ဂလာညစား
ပွဲတစ်ခု မှာပေါ့ သတို့သားနဲ့သတို့သမီးက သိပ်ကိုပျော်ပါးတတ်တာမို့ ပေါ့ပေါ့ပါးပါး လူငယ်ဆန်အောင်စီစဥ်ထားတာကြောင့်
ကချင်သူက ဆိုလိုသူကဆို စားလိုသူတွေကနှစ်သက်ရာစားကြသောက်ကြ စည်ကားလျက်........."နေဝန်း ဖိတ်သာဖိတ်ရတာ မင်းလာမယ်မထင်မိဘူး"
"လာရမှာပေါ့ သူငယ်ချင်းတွေပဲ ငါ့ပွဲတုန်းကလည်း တက်ပေးခဲ့တာပဲလေ"
YOU ARE READING
မလွန်ဆန်ဝံ့သူ
Romance" ကျနော် ခင်ဗျားရဲ့လွှမ်းမိုးမှုတွေခံယူချင်တယ် " " မင်းအချိုးတွေနဲ့ကိုယ်နဲ့မဖြစ်ဘူး " " အဲ့ဒီ့အချိုးတွေကို ရိုက်ချိုးပစ်လိုက်ပေါ့ခင်ဗျားရယ် "