Episode 29

7.1K 389 123
                                    

အိမ်တော်ထဲကလူတွေ အချင်းချင်းတိုးတိုက်မိတဲ့အထိ အလုပ်များနေကြတယ် ဒီနေ့က
သူတို့သခင်ရဲ့ လသားအရွယ်ကလေးပိစိလေးရောက်လာမဲ့နေ့ကိုး

ကလေးရဲ့အခန်းကို ပိုးသတ်ထားတဲ့အသုံး
ဆောင်တွေ ပုခက်တွေ နို့ဘူးတွေ အဝတ်အရုပ်သေးသေးတွေ ချိတ်ဆွဲရင်း ပျော်ရွှင်
နေကြပုံပဲ

ပျော်ရွှင်ရယ်မောနေသူထဲမှာတော့ အိမ်တော်ထဲကသူ တစ်ယောက်တော့မပါခဲ့ နာကျည်း
ချင်းများစွာကို ပွင့်ထွက်မလာအောင်သည်းခံ
ရင်း ရွေး အိပ်ခန်းထဲမှာသာ မလှုပ်မယှက်ထိုင်နေတယ်

" သခင်လေး ဆရာ့ကားခြံထဲဝင်လာပြီ သွားကြိုရအောင်နော် "

" ကျနော်မသွားချင်ဘူး အန်တီဝါကြည့်ပြော
လိုက်ပါ "

" ကျမတို့သဘောတူပြီးသားလေ "

မလွယ် တကယ့်ကို ကိုကို့လူရင်းတွေက
အေးအေးလေးနဲ့ လူကိုချုပ်ကိုင်ထားတတ်
ကြတယ် ပုံမှန်ငွေဝင်ပေါက်မရှိတော့တဲ့ရွေး
အတွက် အိမ်အသုံးစရိတ်တွေထဲကပဲ ကြံဖန်ဖဲ့သုံးခဲ့ရလေတော့ တစ်နေ့မှာ လက်လွန်ကြက်သွန်ဖြစ်သွားရာကနေ ကိုကိုမသိအောင်
အန်တီဝါက ကယ်ဆယ်ပေးထားရင်း အပေး
ယူအနေနဲ့ အန်တီဝါ့စကားကို တစ်ကြိမ်နား
ထောင်ပါ့မယ်ဆိုပြီး ကတိပေးရတယ်

" ဆရာ သခင်လေးလာကြိုတယ် "

ကိုကို့လက်ထဲမှာ လက်လေးတွေလှုပ်ရင်း
ပါးစပ်လေးကလည်း နို့စို့နေသလိုဟစိဟစိ
လုပ်နေတဲ့ လူသေးသေးလေးက တော်တော်လေးချစ်စရာကောင်းသလိုပင် ကလေးမချစ်တတ်တဲ့ သူတွေတောင် ဖက်နမ်းချင်နိုင်တဲ့
သွင်ပြင်လေးမျိုးလေး ခပ်ကွေးကွေးဆံပင်နုနုလေးတွေ မျက်လုံးဝိုင်းလေးတွေရယ် နှာတံ
ပိစိလှလှလေးရယ် ဖြူဖြူဖွေးဖွေး အသားရည်ရယ်က ဘိုမရုပ်လေးလို ချစ်ဖို့အလွန်
ကောင်းလှတယ် ဒါတောင် လသားအရွယ်
လေးပင်မို့ အလှတရားတွေသာ အပြည့်ဝ
ပေါ်လွင်ထင်ရှားလာရင် ဘယ်လိုမိန်းမလှလေးဖြစ်လာပေမလဲမသိ

ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ရွေးကတော့နည်းနည်းမှမချစ်နိုင်ပါ

" သမီးကိုချီကြည့်ချင်လား ရွေး "

လက်ထဲအသာလွှဲပြောင်းပေးလာတဲ့ ကိုကိုကြောင့် ရွေး မတတ်သာစွာချီလိုက်ရပေမဲ့

မလွန်ဆန်ဝံ့သူTempat cerita menjadi hidup. Temukan sekarang