SLMM×KKC

6.8K 327 70
                                    


" ခန့်ခန့်ချော "

"ကျနော်မမှားဘူး တီချယ်ရင်"

"အခု မှားတယ်မှန်တယ်မပြောသေးဘူး
မင်းရဲ့ အပြုအမူတွေကိုပဲပြောမယ် ကြည့်စမ်း ဘယ်လောက်ဆိုးဝါးလိုက်လဲ"

"အမှားအမှန်ကအရေးမကြီးရင် တီချယ်ရင်လည်းကျနော့်ကို ခေါ်ပြော​နေစရာမှမလိုတာ"

"စကားကို ယဥ်ယဥ်ကျေးကျးပြောစမ်း
မင်းကဒီကျောင်းကငယ်မွေးခြံပေါက် ဟိုဆရာလေးကတခြားနယ်က တီချယ်တို့အလွန်ဖြစ်ကုန်မယ်"

"အပြစ်ပြောတာဆို တော်ပြီဗျာ ကျနော်ပြန်တော့မယ်"

ဒုဌာနမှူးက ခန့် တက္ကသိုလ်စတက်ထဲက
ရင်းနှီးပြီးအလိုလိုက်တဲ့အပြင် ကိုကြီးရဲ့ဆရာမတစ်ယောက်လည်း ဖြစ်ခဲ့တဲ့အတွက် အခုခန့်ဆရာပေါက်စဖြစ်တဲ့အထိ ဆိုးလို့ကောင်းဆဲ

"မင်းကငါ့ဌာနကိုသိက္ခာချနေတာ ပြန်လာခဲ့စမ်း .......
ဒီကောင်လေး သိပ်ဆိုးမှန်း ငါဘာလို့မသိခဲ့ရတာလဲ"

"အဲ့ဒါပါမောက္ခ Drဆလိုင်းမြတ်မှူးရှိလို့လေ
ဒီကလေးက သူ့ကိုကြီးပဲထိန်းလို့ရတာ"

ရုံးစာရေးဝန်ထမ်း မသက်က လက်မှတ်လာထိုးခိုင်းရင်း အကြံပေးသလိုပြုံးပြလာတော့

ဟုတ်သားပဲ

"အေး မင်းငါ့စကားနားမထောင်နဲ့သိလား
ငါ ဆလိုင်းမြတ်မှူးကို ဖုန်းဆက်တိုင်ဦးမယ်"

ကိုကြီးအရာပါဝင်လာတော့ ရုံးခန်းအဝရောက်နေပြီဖြစ်တဲ့ ခန့် ခြေလှမ်းတွေကတုန့်ခနဲ ဒါပေမဲ့ ခဏတာပါပဲ ဒေါသကထွက်နေရင် လူက လူစိတ်ကိုမရှိတာကြောင့် ပြန်မ
လှည့်ဖြစ်

တိုင်လည်းဘာအရေးလဲ ကိုကြီးက ရာထူးတိုးနဲ့ နယ်ဘက်ပြောင်းသွားရလို့ လွတ်ထွက်နေတာ နှစ်လလောက်ရှိရောပေါ့ အပြစ်ပေးချင်လည်းဖုန်းထဲကနေ ဆူလို့ပဲရမယ်လေ

.

.

ဘယ်လုပ်ငန်းခွင်ဖြစ်ဖြစ် ကိုးလို့ကန့်လန့်
အချိန်မလေးစား ပေါ့ပျက်ပျက်လူတွေကရှိ
စမြဲ ဒီနေ့လည်း လုပ်ဖော်ကိုင်ဖက် ဆရာတစ်ယောက်နဲ့ အတူအတန်းဝင်ရတော့ အဲ့လူက
နောက်ကျတဲ့အပြင် သူစာရှင်းပြီးလက်တွေ့
လုပ်ရမဲ့အပိုင်းကို ခန့်ဘက်လွှဲချတယ်

မလွန်ဆန်ဝံ့သူWhere stories live. Discover now